အရွယ်လွန်အချစ်💓
Old Love-14
“ကိုဇွဲ ကို အထုပ်လာယူ ခိုင်းမယ် .. ဒါပဲ ..”
ဟု မမရီက ဟန်ပါပါ ဖြင့် အသံကျယ်ကြီး ပြောနေပြီ မမဝါလက်ကတော့
သူ့မောင်ကို ဆွဲထားသည်…
မမကြီး နဲ့ မခင်မျိုး သမီးယောက်မ နှစ်ယောက် အိမ်ထဲကနေ တစ်ဖက်အိမ်ကူးသွားသည်ကို လှမ်းမြင်ရသည်နှင့် မ၀ါက သူ့လက်ကို ဖြန်းခနဲ့ ရိုက်ပြီ
“ပြဿနာက ဒီလောက်နဲ့ ပြေလည် သွားလို့ ကျေးဇူးတင်..
ခင်မျိုးက မန္တလေးပြန်မယ်လို့ ပြောတာမှ မဟုတ်ပဲ ..
အဲ့တာကို နင်က ကဲကဲကြီး လုပ်နေတာ ..
ဘယ်မိန်းမက အခြားမိန်းမနဲ့ ပြဿနာထားတဲ့ ယောင်္ကျားကို နေ့ချင်းညချင်း မျက်နှာချင်းဆိုင် အိပ်ချင်မှာလဲကိုယ်ချင်းစာ အုံးမှာပေါ့ ..”
“စာလို့ပဲ မသွားဖို့ တားနေတာ ပေါ့ .. “
“ဟဲ့ ..မျိုးကျော် ..”
“ဘာလဲ ဗျာ ..မမတို့က တစ်မျိုး .. “
ပြောရင် သူ့ဆံပင်တွေကို လက်နှစ်ဖက်နဲ့ ထိုးချပြီ
“ဒီနေ့ည တစ်ညပဲ .. နောက်ရက် တွေကျ ဒီဖက်အိမ်ပြန်လာဖို့ မမဝါ ပါကူပြောပေးရမယ်…”
“အဲ့တာကတော့ ကာယကံရှင်ပေါ် မူတည်တယ် .. ငါကတော့ မျက်နှာပြောင်တိုက် ကူမပြောပေးနိုင်ဘူး ..
နင်လည်း မျက်နှာပြောင်တိုက် ဂျီကျပြီ ပြဿနာ ထပ်မရှာနဲ့ ..”
“ကျွန်တော်က ပြဿနာ ရှာလို့လား .. ပြဿနာက ကျွန်တော်ကိုဆလာရှာပြီမွှေသွားတာလေဗျာ ..
တကယ်ဆို ကျွန်တော်လည်း နစ်နာသူပါ..”
“အောင်မယ်လေး ... ဘာပဲဖြစ်ဖြစ် အကြောင်းရှိလို့ အကျိုးဖြစ်လာတာ
မျိုးကျော်...
မင်းသာ အဲ့လိုဟာတွေနဲ့ မပက်သက်ဖူးရင် အခုလိုတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး ...
ဘယ်သူ့ကိုမှ အပြစ်မတင်ခင် ကိုယ့်ကို ကိုယ်အရင် စဉ်စားသုံးသပ်..
ပျက်အစဉ် ပြင်ခဏ တဲ့..
ကိုယ်ဘယ်နေရာပျက်နေသလဲ ကိုယ့်ကိုကိုယ် လိုက်ရှာ ပြင်လိုစိတ်ရှိရင်
ပြင်လို့ရတယ် ..”
မမဝါ ဘယ်အချိန်ကတည်းက ကျွန်တော့်ကို ဆုံးမဖို့ကြုံဝါး ထားသလဲ မသိ..
အခွင့်ကြုံတုန်း ဆို ဆုံးမသွားသည့် တရားကလည်း ၄၅မိနစ်စာ မက..
“ကျွန်တော် နားလည်ပါပြီဗျာ.. သဘော ပေါက်ပါပြီဗျာ ..”
လို့ကို ပြောယူရသည်..
မိန်းမက တစ်ဖက်အိမ် ဆင်းသွားလို့ အသည်းကွဲနေရတဲ့ အထဲ အစ်မဖြစ်သူက ဟောတဲ့ တရားတွေ ထိုင်နာနေရတဲ့ဘ၀..
ဘ၀ ..ဘ၀ .. ကျွန်တော့် ဘ၀ကလည်း ကိုယ့်ကို ကိုယ်တယ်ဟုတ်လှချည်းအောက်မေ့နေတာဗျာ..
ရွယ်တူတွေ သူတို့သားသမီးတွေကို ဆုံးမနေချိန် ကျွန်တော်ကတော့ အခုထိ
အစ်မတွေ နဲ့ မိန်းမဆီက တရားနာနေရဆဲ ..
ဒီကြားထဲ တစ်ဖက်အိမ်ကနေ ဒီဖက် ပြန်ပြောင်းလာရသည့် တူတော်မောင်က
“တောက် ... ငိုးမသား ဦးရိူင်း ခွေးပါး၀ တာ ..
အဲ့လူ ဘာဖြစ်လို့ ဒီလောက်ထိ ခွေးပါး၀ သွားသလဲ မျိုးကြီး သိလား ..”
“ဟာကွာ .. ငါ ဘယ်သိပါ့မလဲ .. မသိလို့ ခံလိုက်ရတာပေါ့ မင်းကလည်း ..”
“ဒါပဲ ..မျိုးကြီးကလည်း မိန်းမရပြီးကတည်းက မိန်းမနဲ့ လျှောက်သွားပြီ
ကိုယ်ပေါင်းနေတဲ့ လူ ဘာတွေဖြစ်နေလဲ နားမစွင့် ဘူး ..”
“ဟျောင့် ဇွဲ .. မင်းကပါ ငါ့ကို တရားလာမဟောနဲ့ နော် .. တစ်ညနေခင်းလုံး နားပူ ထားတာ .. “
“နား ပူလည်း ပူလိုက်စနဲ့ ဆက် ပူလိုက် .. အဲ့ဒီလူ ၀တ်မူန် အဖေနဲ့ တွဲသွား တွဲလာ လုပ်နေတာ ကြာနေပြီ ညနေ့ခင်းပိုင်းဆို ၀တ်မူန် ဆိုတဲ့ ကောင်မလေးတို့အဖွဲ့ နဲ့တရုန်းရုန်း လုပ်နေတာ ...အဲ့တာတွေ မျိုးကြီး မသိဘူးမို့လား”
“မသိဘူးလေကွာ .. မင်တို့ကမှ မပြောတာ ..”
“မျိုးကြီးကမှ မမေးတာ ...”
“အေးပါကွာ .. ငါမှားတာ .. ငါပဲ မိုက်တာ မင်းလည်း ဆက်မပြောနဲ့တော့
ငါလည်း တော်တော် နောင်တရ နေပါပြီ ...
အဲ့လူတွေ အကြောင်းလည်း မတွေးချင်တော့ဘူး ..
ငါ့မိန်းမ စိတ်ဆိုး ပြေဖို့ အကြောင်းပဲ တွေးတော့မယ် ကွာ ..”
ဦးလေးက သနားစရာကောင်းအောင် ပြောနေတော့လည်း ကိုဇွဲက ခဏငြိမ်လိုက်သည်..
ငြိမ်ပြီ တစ်အောင့်အကြာ မှာ
“မျိုးကြီး ..”
“အေး..”
“ထမင်းစားပြီပြီလား ..”
“မစားရသေးပါဘူး ကွာ ..”
“မစားရသေးရင် .. လာ .. လက်ထဲက ဆေးလိပ်ခဏချ .. ဟိုဖက်အိမ် ပြန်သွားရအောင် ..”
ကိုဇွဲ စကားကြား သည်နှင့် တူကြီး နှစ်ယောက် နောက်ထပ် စကားတွေအများကြီး ပြောစရာ မလို ..
အချင်းချင်း နားလည် သဘောပေါက်စွာ ဖြင့် ပြုံးလျက် တစ်ဖက်အိမ်ကို သွားကြသည် ...
ရောက်သည် နှင့် ကို ဇွဲက ချောင်းဟန့်ပြီ
“အမား .. အမား .. ဗိုက်ဆာ လို့ “
ကိုဇွဲ အသံကြားသည်နှင့် ဒေါ်ဝါက တီဗီကြည့်နေရာကနေ ထလာပြီ
“ဗိုက်ဆာ .. စားလေ ..ကို ဇွဲ ရဲ့ ..”
“အမား .. ဟင်းတွေ ဘယ်နား ထား လဲ လာပြအုံးလေ .. လာ.. လာ..
သား ကို ထမင်းခွံ့ကျွေးအုံး ..”
ကိုဇွဲက ပလီပလာ တီတီတာတာ တွေ ပြောပြီ ဒေါ်ဝါ ကို ပထုတ်သွားသည်..
ဒေါ်ရီက ညခုနှစ် နာရီ ဘုရား၀တ်တက်ချိန်မို့ အပေါ်ထပ် ဧည့်ခန်း ထဲ တီဗီကြည့်ရင် ကျန်ခဲ့သည်က မခင်မျိုး တစ်ယောက်တည်း..
လူရှင်းသည်နှင့် တံခါး၀ မှာ မက်တပ်ရပ်နေသည့် ကိုမျိုးက ခပ်တည်တည်ဖြင့် ၀င်လာပြီ မခင်မျိုး ထိုင်နေသည့် ထိုင်ခုံအနား
၀င်ထိုင်သည်..
သူ ထိုင်နေသည်ကို ခင်ခင်က မြင်လျက် မမြင်ချင်ယောင်ဆောင် တီဗွီဖန်သားပြင်ကိုသာ အာရုံစိုက် ဆက်ကြည့်နေသည်..
သူကတော့ ခင်ခင် အနား ထိုင်လိုက်ကတည်းက လေသံအေးအေးလေးဖြင့် မနားတမ်းကပ် မေးသည်..
“ခင်ခင် .. ညနေစာ စားရဲ့လား..”
“….”
ခင်ခင် မဖြေတော့ သူ့ဘာသာ ဖြေသည်..
“ကိုယ်တော့ မစားရသေးဘူး ..ကိုယ်ခွာ ထားတဲ့ ပဲတွေလည်း ဒီတိုင်းပဲ..ဒါနဲ့ ခင်ခင် .. အမေတို့နဲ့ ဖုန်းပြောပြီပြီလား ”
“…..”
ဒီမေးခွန်းကိုလည်း ခင်ခင်မဖြေ သူကပဲ ဆက်ပြောသည်..
“အမေကို ဖုန်းဆက်ပြီ မေးရအုံးမယ် .. မုန့်ညှင်းချဉ် စားကောင်းရဲ့လားလို့ ..”
“…..”
“ခင်ခင် ... ဘုရား၀တ်ပြု ပြီပြီလား ..”
“….”
“ကိုယ်တို့အိမ်က အိမ်စောင့်နတ်ကတော့ ခင်ခင့် အမျှ ဝေ သံ လွမ်းနေတော့ မှာပဲ ကွာ ..”
“ခင်ခင်... ဇာတ်ကြောတက် နေအုံးမယ် .. ကိုယ် နှိပ်ပေးရမလား ..”
မေးရင် သူက လက်လှမ်းလိုက်သည်နှင့် သူမေးသမျှ မကြားချင်ယောင်ဆောင် ဘာမျှ ပြန်မဖြေသည့် သူမက သူမကိုယ်ကလေးကို သူနှင့် ဝေးအောင် တိမ်းလိုက်သည်...
တိမ်းလိုက်ပြီ တီဗွီ ရီမုကိုယူ ပိတ်လိုက်ပြီ သူမ အခန်းရှိရာ ဘက် ထသွားဖို့ပြင်လိုက်သည်..
သူကလည်း သူမ ထသွားသည်နှင့် လက်လှမ်းဆွဲထားလိုက်သည်..
ခင်ခင်က အဆွဲ ခံထားရသည့် သူမလက်ကို ပြန်ရုန်းရင်
“အေး .. လွှတ်နော် .. ကိုမျိုး ..”
“မလွှတ်ရင်ရော ...”
မေးပြီမှ သူက မျက်နှာ ငယ်ငယ်လေးနှင့် သနားစဖွယ် ပျာပျာသလဲ
“စတာပါ ...စတာပါ ခင်ခင်ရယ် .. လွှတ်ပါ့မယ်ကွာ ..
ခင်ခင် မကြိုက်တာတွေ ကိုယ်တစ်ခုမှ မလုပ်ချင်ပါဘူး ...
ခင်ခင် ကြိုက်သလောက် စိတ်ဆိုးပါ ကိုယ်ချော့ပါ့မယ် ... အိမ်ကို ပြန်လိုက်ခဲ့ပါကွာ ..
သူများ အိမ်မှာ နေရတာ ခင်ခင် ဘယ်လွတ်လပ်ပါ့မလဲ ...”
ခင်ခင်က ဘာမျှ သူ့ကို ပြန်မပြောဘဲ သူမအပျိုဘ၀ကတည်းက မဝါအိမ်လာရင် တည်းနေကျ အခန်းထဲ ၀င်သွားသည်..
သူလည်း ရှေ့ဆက်ပြီ ခင်ခင့်ကို ဇွတ် ဖိအား မပေးချင်တော့တာကြောင့်
ခင်ခင် ၀င်သွားသည့် အခန်းတံခါးပေါက်မှာပဲ မက်တပ်ရပ်လျက် ပြောလိုက်သည်..
“ဒီနေ့ စိတ်ဆိုးလို့ ပြန်မလာချင်ရင်တောင် မနက်ဖြန် ပြန်လာခဲ့ပါ ခင်ခင် ..”
.
.
သူပြောလိုရာ ပြောပြီ သူ့ခြေသံ ပျောက်သွားသည်နှင့် ခင်ခင်က ခေါင်းအုံးပေါ် မျက်နှာအပ် ငိုသည်...
တစ်ညနေ့ ခင်းလုံး မာကျောထားသမျှ ဘယ်သူ့မှ မမြင်အောင် မျက်ရည်ကျ နေသည် …
မျက်ရည်ကျရင် ခင်ခင်ကိုယ် ခင်ခင်ပြန်တွေးမိတာက
“ဪ … ငါ အပါအ၀င် လူတိုင်းက အကောင်းဆုံး ဆိုတာ လိုချင်ကြတာပဲ..
ဒါပင်မယ့် လိုချင်တိုင်းလည်းမရ ဖြစ်ချင်တိုင်းလည်း မဖြစ်ရတာ ဘ၀မို့လား..
တစ်ဖက်မှာ သူမ ကံကြမ္မာကို အပြစ်တင် လိုစိတ် သူမမှာ ရှိနေသော်လည်း ရလာတဲ့ အခြေအနေ နဲ့ အ နေအထားမှာ
သူမ နေတတ်ဖို့ သူမကိုယ် သူမ အားတင်းဖို့ နှစ်သိမ့် နေရှာသည်..
ကိုယ့်အိမ်ထောင်ဖက်ကို အကောင်းဆုံး ဆိုတာချည်းပဲ မည်သူမဆို လိုချင်ကြတာပေါ့..
ကိုယ်ကျင့်တရား ကောင်းပြီ ရုပ်ရည်လည်းချော ဥစ္စာလည်းပေါ ကိုယ့်အ ပေါ်လည်း နားလည် ပေး ကိုယ့်မိသားစုပေါ်မှာလည်း ကောင်းပေး..
လူမူပတ်၀န်းကျင်မှာလည်း ဂုဏ်ယူစရာ လူ မဟုတ်ရင်နေ သိမ်ငယ်စရာ မဟုတ်တဲ့လူမျိုး …
ဘာပဲလုပ်လုပ် ကိုယ့်အပေါ် စာနာ နားလည် စိတ်နဲ့ သည်းခံစိတ်ကို ရှေ့ရူ့ပေးတဲ့သူမျိုး..
ဒီလို အစစအရာရာ အကောင်းတကာ အကောင်းထဲက အကောင်းဆုံးကိုခင်ခင် အပါအ၀င် လူတိုင်းက အိမ်ထောင်ဖက် အဖြစ် လိုချင်ကြပါသည်…
လိုချင်၍လည်း ရွေးချယ်ကြသည် …
ခေါင်းညိတ်ကျသည် ..
ရယူကြသည်…
ထို့နောက် ရွေးချယ်မူ့ ၊ခေါင်းညိတ်မူ့ ရယူမူ့နောက်က ကိုယ်မကြိုက်သော အမှားကလေးတွေ အပြစ်အနာ ဆာကလေးတွေ ပါလာကြသည်…
ပါလာသော အပြစ်အနာဆာ ကလေးတွေကို
တတ်နိုင်သမျှ နားလည်မူ့ ဆိုသော သဘောထားကြီးမြတ်မူ့အောက်မှာ ထည့်သွင်းပြီ ဖာထေးဖို့ကြိုးစားရသည်...
ကြိုးစားတယ်ဆိုတာ မပြတ်သားသော တွယ်တာသော သံယောဇဉ် ကြိုးများအတွက် မဟုတ် ...
သူအဆင် ပြေချိန်မှာ ကိုယ်ရှိပြီ သူဒုက္ခ ရောက်ချိန်မှာ ကိုယ်အဝေးထွက် သွားလောက်အောင် ကိုယ်ချင်းစာတရားမကင်းမဲ့နိုင်ခြင်းပါ ...
သူ့ကို ခင်ခင် မိတ်ဆွေ တစ်ယောက်အမြင်နဲ့ဆို မတရားခံရလို့လည်း သနားသည်...
မိတ်ကောင်းဆွေကောင်းနှင့်မဆုံရလို့လည်း
သူ့အစား ၀မ်းနည်းသည်..
ဇနီး တစ်ယောက် အနေနှင့်ကတော့ သူမအပေါ် သူ ပွင့်ပွင့်လင်းလင်း ပြောမပြခဲ့လို့ စိတ်ဆိုးသည်..
အတိတ်က သူ့အရိပ်တွေက အခုချိန်ထိ မလွတ်ကင်းနိုင်သေးသည်ကို ခင်ခင် စိတ်ပျက်မိသည်...
ဘာပဲဖြစ်ဖြစ် သူ့ကို ခင်ခင် စောင့်ကြည့်ချင်သေးသည်..
အမြဲတမ်း သူအလိုရှိရာ သူဖြစ်ချင်ရာ ဇွတ်လုပ်တတ်သော သူ့အကျင့်ကိုလည်း ပြင်စေချင်သည်..
💙💙💙
“ ဟျောင့် ကိုဇွဲ .. ထတော့ကွာ ..”
ဖုန်းဆက်နိူးတာ အားမရလို့ အခန်းတံခါး ခေါက်ပြီတော့ ဦးလေးက လာနိူးသော ကြောင့် ကိုဇွဲ မထချင်လည်း ထရပါပြီ …
တစ်ဖက်အိမ်က အဒေါ်တို့ကမှ အလိုက်တသိ ကိုဇွဲကို အစောကြီးမနိူး..
သူ့ မိန်းမ ကိုသူပြန်ကြောင်ဖို့ အရေးသူ့အရေးဖြစ်နေသော ဦးလေးက တော့ အလိုက်မသိ ..
“မျိုးကြီးကလည်း အစောကြီးဗျာ …”
“အစောကြီးလည်းထတော့ကွာ .. မင်းအဒေါ်တွေက မင်းအသံကြားမှ တံခါးလာဖွင့်ပေးတာ ..”
“အဲ့ဒါဆို နောက်နေ့ ကျွန်တော့်အသံကြားအောင် အသံသွင်းထားဗျာ..”
“ဟျောင့် ဇွဲ … မင်းဦးလေး တစ်ယောက်လုံး ဒုက္ခရောက်နေတာ ကယ်
ကောင်းပါတယ်ကွာ ..”
“မျိုးကြီး နဲ့ လည်း စိတ်ပိန် တယ် …
YOU ARE READING
Old Love ( အရွယ်လွန် အချစ် )
Romanceအသက်လေးဆယ်ကျော် ခမည်းခမက် လူပျိုကြီး နဲ့ အပျိုကြီး ရဲ့ ဖူးစာ