ကိုယ်မင်းနဲ့အတူတူနေချင်တယ်ကလေး 🖤

6.4K 295 17
                                    

Zawgyi ✅

[ဒီအပိုင်းကိုမဖတ်ခင် ကြိုပြီး Warningပေးပါမယ်။ ဒီအပိုင်းက အသက်မပြည့်တဲ့ကလေးတွေဖတ်ဖို့ ဘယ်လိုမှမသင့်တော်ပါဘူးနော်။ +အခန်းဖြစ်တာမို့ မသင့်တော်တဲ့အသုံးအနှုန်းလေးတွေလည်းပါနိုင်ပါတယ်။ ဒါကြောင့် အရွယ်မရောက်သေးတဲ့ကလေးတွေမဖတ်ဖို့နဲ့ ဒီအပိုင်းကဘယ်စာသားကိုမှ တခြားတနေရာဆီမယူသွားဖို့ ကြိုပြီးတောင်းဆိုပါရစေစာဖတ်သူတို့ရေ။]

ဦးနဲ့အတူတူနေလာသည်မှာ ၂လကျော်၃လထဲရှိနေပြီ။ ဦးနဲ့သူရဲ့ဆက်ဆံရေးကတော့ ပုံမှန်အတိုင်းပင်။ ပြောင်းလဲလာတာဆိုလို့ ဦးကသူ့ကို အရင်ကလို ခါးခါးသီးသီးမဆက်ဆံတော့ပဲ ကြင်ကြင်နာနာဆက်ဆံပေးလာသည်။

ဥပမာ တနေ့တာကုမ္ပဏီမှာ ဘာလုပ်ခဲ့ကြောင်းကအစ အလုပ်ကိစ္စတွေကအဆုံး သူ့အားပြောပြပြီးတိုင်ပင်တက်သည်။ တခါတလေ စိတ်တိုလာတဲ့အခါ သူ့အားဆူတာမျိုးရှိသလို သူ့အပြစ်လုပ်တဲ့အခါတွေလည်း ဦးကရိုက်ပြီးဆုံးမတက်သေးသည်။

ဦးနဲ့အတူနေလာတာအချိန်ကြာလေ ဦးအားပိုတိုးလို့ချစ်လာသလို ပို၍လည်းကြောက်လာရပြန်၏။

"ဂျွန်ဂျောင်ကု"

"ဗျာ ဦး"

"ဒီကိုလာဦး"

ဒီနေ့မှဦးကဘာစိတ်ကူးပေါက်မှန်းမသိ ပြန်ရောက်ထဲက သူ့နာမည်အား ခဏခဏခေါ်ကာ အနားကိုလာခိုင်းသည်။ ပြီးရင်လည်း ဘာစကားမှမပြောပဲ ငြိမ်နေပြန်တာမို့ သူကသာအရူးလို တစ်ယောက်ထဲ ဦးဘေးကပ်ထိုင်နေရလေ၏။

"ဦး..."

ဂျွန်ငယ်၏ ခပ်တိုးတိုးအသံကြောင့် ထယ်ယောင်းကလှည့်ကြည့်ပြီး ပြောဆိုသည့်ဟန်နှင့် မေးငေါ့ပြလေရဲ့။

"ဦးနေမကောင်းဘူးလားဟင်"

"ငါက..ဘာလို့လဲ"

"ဟို...ဦးကြည့်ရတာ စိတ်ဖိစီးမှုများနေသလိုပဲ ဟိုလေ သားဦးအတွက် ကော်ဖီဖျော်ပေးရမလားဟင်"

"ရတယ် ငါမသောက်ချင်ဘူး အဲ့ဒီအစား မင်းငါ့အနားမှာပဲနေ ဘယ်မှမသွားနဲ့"

"ဟုတ် ဦး"

Laptopပေါ်မှာပြေးလွှာနေတဲ့ သူ့လက်တွေနှင့်အတူ ညနေကရှယ်ယာရှင်တွေပြောလိုက်တဲ့ အကြောင်းအရာတွေအား နားထဲပြန်ကြားယောင်လို့လာပြန်သည်။

// 𝗧𝗮𝗲𝗸𝗼𝗼𝗸 𝗦𝗵𝗼𝗿𝘁 𝗪𝗮𝗿𝗻𝗶𝗻𝗴 //Nơi câu chuyện tồn tại. Hãy khám phá bây giờ