-WRONG-

2.2K 220 38
                                    

Unicode ✅

-WRONG-

“စိတ်မဆိုးပါနဲ့တော့ အချစ်ကလေးရာ”

“ကျွန်တော် သူများအိမ်မှာသွားနေတာ တစ်ရက် နှစ်ရက် မဟုတ်ဘူး သုံးလဗျ! သုံးလ!”

“ဒါတော့ မင်းကဆိုးတာကိုး မင်းသာ လိမ်မာရင် ဒယ်ဒီတို့က မင်းကို သူများအိမ်မှာ နေခိုင်းမလား ကွ”

“မသိဘူးဗျာ အခု ကျွန်တော်ကို ဘာလုပ်ဖို့ ချိန်းတာလဲ လိုရင်းကိုပဲပြော ဒယ်ဒီ”

စိတ်မရှည်တော့ဟန် ဆူပုတ်နေတဲ့ မျက်နှာလေးဖြင့် ဂျောင်ကုဆိုလေတော့ ဒယ်ဒီနှစ်ယောက်မှာလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သက်ပြင်းကိုယ်စီချကြပြီး စိတ်‌ဆိုးနေသည့် သားတော်မောင်အား အိမ်ပြန်ခေါ်ဖို့ ကြိုးစားတော့၏။

“အချစ်ကလေး ဒယ်ဒီတို့ဆီ ပြန်လာခဲ့တော့”

“မလာဘူး!”

အများကြီးတောင် မပြောရသေး။ ချက်ချင်း ပတ်ခနဲ ထငြင်းလိုက်တဲ့ ဂျောင်ကုကြောင့် ဒယ်ဒီနှစ်ယောက်မျက်နှာမှာ ရှုံ့မဲ့လာပြီး ကူကယ်ရာမဲ့နေရှာလေရဲ့။

“အချစ်ကလေးရယ် စိတ်မဆိုးပါနဲ့တော့ကွာ ဒယ်ဒီတို့ကပဲ တောင်းပန်ပါတယ် ဟုတ်ပြီလား နောက်ဆို အချစ်ကလေးကို အိမ်ပေါ်ကနေလည်း  မနှင်ချတော့ဘူး အချစ်ကလေး ဘာလုပ်လုပ် မဆူတော့ဘူးလို့ ဒယ်ဒီတို့ ကတိပေးတယ်လေ နော်”

အယ်ဖာဒယ်‌ဒီ စကားကြောင့် ဂျောင်ကုတစ်ယောက် မျက်ဝန်းဝိုင်းလေးတွေ တောင်မြှောက် ဆော့ကစားကနေပြီး တစ်ခုခုကို တွေးတောနေဟန် ခဏတာ တိတ်ဆိတ်နေလေရဲ့။

“အချစ်ကလေး”

“ကောင်းပြီ ဒါဆို ကျွန်တော် တစ်ခုမေးမယ်”

“မေးပါခင်မျာ အချစ်ကလေး အိမ်ပြန်လာရင်ရပြီ ကြိုက်တာမေး”

ဂျောင်ကု အယ်ဖာဒယ်ဒီစကားကြောင့် နှုတ်ခမ်းအား လှုပ်ရုံမျှ ပြုံးလိုက်ကာ ။

“ကျွန်တော် ဖြစ်ချင်တာကို ဒယ်ဒီတို့လုပ်ပေးမယ်လို့ ကတိပေးရင် ကျွန်တော် ဒယ်ဒီတို့ဆီ ပြန်လာခဲ့မယ်”

ဂျောင်ကုစကားကြောင့် ဒယ်ဒီနှစ်ယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အတွေးကခပ်များများ။ ပြောလို့ရတာမဟုတ်ဘူး။ တစ်ဦးတည်းသော သူတို့သားလေးက ‌သူတို့ကိုအသိမပေးဘဲ အမြဲ ပြဿနာတွေ ရှာလာနေကြလေ။

You've reached the end of published parts.

⏰ Last updated: Dec 16, 2023 ⏰

Add this story to your Library to get notified about new parts!

// 𝗧𝗮𝗲𝗸𝗼𝗼𝗸 𝗦𝗵𝗼𝗿𝘁 𝗪𝗮𝗿𝗻𝗶𝗻𝗴 //Where stories live. Discover now