မိုးချုပ်တဲ့အထိသွားစို့ ကင်မ်~ ❤️‍🔥

5.1K 236 1
                                    

Unicode ✅

|| HE IS NOT BELONG ||

⚠️ Warning Alert ⚠️

ဤအပိုင်းသည် အသက်အရွယ် မပြည့်သေးသည့် ကလေးငယ်တွေဖတ်ဖို့ မသင့်တော်သည့် အသုံးအနှုန်းများနှင့် ဇာတ်ဝင်ခန်းများ ပါဝင်သည်မို့ အသက်မပြည့်သေးသည့် ကလေးငယ်များ ဖတ်ဖို့မသင့်ပါ။ ထို့အပြင် ‌ဤအခန်း၌ ပါဝင်သည့် စာသားများအား ဤနေရာမှာတွင်သာ ထားခဲ့ပြီး တခြားသောနေရာများ၌ ပြန်တင်တာမျိုး မလုပ်ဖို့ ‌စာရေးသူဘက်က မေတ္တာရပ်ခံပါသည်။

Episode - 19

ဈေးထဲသို့ သွားဖို့ခေါ်လာတဲ့ ဂျောင်ကုကြောင့် ထယ်ယောင်း မျက်နှာဟာ အနည်းငယ် မသာမယာဖြစ်နေလေသည်။ ထယ်ယောင်း အနေနဲ့က အဆင့်အတန်း ခွဲခြားတဲ့သူ မဟုတ်သော်ငြားလည်း လူများပြီး ရပ်ကွက်ဈေးထဲ သွားဖို့တော့ အဆင်မပြေလှတာ အမှန်ပင်။

"ကင်မ်ထယ် ခင်ဗျားမလိုက်ချင်လည်း ပြန်လိုက်တော့ ကျွန်တော်ဘာသာ သွားတော့မယ်"

စိတ်ဆိုးသွားဟန်နဲ့ သူ့ဘေးကထွက်သွားဖို့ လုပ်နေသည့် ဂျောင်ကုအား ထယ်ယောင်း အလျှင်အမြန်လှမ်းဆွဲကာ မျက်နှာချိုသွေးရတော့သည်။

"ကိုယ်ပြောခဲ့တယ်မလား မင်းနဲ့အတူတူ လိုက်ခဲ့ပေးပါမယ်လို့"

"ဒါဆိုဘာလို့ အဲ့ဒီမျက်နှာကြီးဖြစ်နေတာလဲ"

"ကိုယ့်မျက်နှာက ဘာဖြစ်နေလို့လဲ ဒီလောက်‌ပြုံးနေတာကို"

ပြောလည်းပြော လိုတာထက်ပိုပြီး ပြုံးပြလာတဲ့ ထယ်ယောင်း။

"ခင်ဗျား ကျွန်တော်ကို ရွဲ့နေသလိုဘဲ"

"ကဲပါဂျွန်ငယ်ရာ ကိုယ်တို့နှစ်ယောက် အချိန်တွေ ဘာမဟုတ်တာနဲ့ ကုန်သွားရင် နှမျောစရာကြီး ဒါကြောင့် မြန်မြန် ဈေးဝယ်ပြီး မြန်မြန် အိမ်ပြန်ရအောင်နော် မိုးကလည်းအုပ်နေတော့ ရွာဖို့ရှိတယ်ထင်တယ်"

"ပြီးရော အဲ့ဒီမျက်နှာကြီး ပြင်ထားနော်"

"အင်းအင်း"

သူ့စကားအား ခေါင်းတညိတ်ညိတ်လုပ်ပြီး သူ့လက်ကိုဆွဲပြီး အရှေ့ကနေ ထွက်သွားတဲ့ ကင်မ်ထယ့်နောက် သူငြိမ်ကာ လိုက်သွားလိုက်သည်။

// 𝗧𝗮𝗲𝗸𝗼𝗼𝗸 𝗦𝗵𝗼𝗿𝘁 𝗪𝗮𝗿𝗻𝗶𝗻𝗴 //Where stories live. Discover now