အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း

12.8K 1.5K 11
                                    

အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း

ပိုင်လီ၏ခန့်မှန်းချက်အရ သူတို့ဆိပ်ကမ်းမြို့ကထွက်လာချိန်တွင် မနက်ခြောက်နာရီဝန်းကျင်ခန့်သာရှိသေးပြီး မြို့ငယ်လေးသို့ရောက်ချိန်တွင် ကိုးနာရီကျော်လောက်သာ ရှိသေးသည်။

ပိုင်လီက အိမ်မှာဆန်နဲ့တခြားဘာမှသိပ်မရှိတာကို သိထားတော့ ဝယ်ဖို့ရာ မြို့ငယ်လေးမှာနေခဲ့ဖို့ဆုံးဖြတ်လိုက်ပြီး...

"အဖေ ကျွန်တော် ဒီမှာခဏနေခဲ့ဦးမယ်"

ဒီမြို့ငယ်လေးက အရင်ကပိုင်လီကျင်လည်နေကျနေရာတစ်ခုပဲ။ ဒါကြောင့် ပိုင်လီထံမှ နေခဲ့ဦးမယ်ဆိုသည့်စကားထွက်လာတာနှင့် ကျန်လေးဦး၏အမူရာတွေက ပြောင်းလဲသွားကျတော့၏။

သူတို့က ပိုင်လီထပ်ပြီး လောင်းကစားရုံတွေနဲ့ ပြည့်တန်ဆာအိမ်တွေကိုသွားတော့မယ်လို့ထင်နေတာပင်။

ပိုင်လီက အစကဘာမှမတွေးပေမယ့် ဒီလူတွေရဲ့ထူးဆန်းသွားတဲ့အမူရာတွေကိုမြင်တဲ့အခါ သူရောက်လာတာ ဒီနေ့နဲ့မှသုံးရက်မြောက်ပဲရှိသေးပြီး သူတို့ကိုယုံကြည်အောင်မလုပ်နိုင်သေးဘူးဆိုတာ နားလည်သွားခဲ့သည်။ မူလပိုင်လီက မွေးကတည်းကဆိုးသွမ်းခဲ့တာကြောင့် သုံးရက်ထဲနဲ့ လူတွေရဲ့အမြင်တွေကိုပြောင်းလဲနိုင်မှာမဟုတ်သေးဘူး။

ဒါကြောင့် ပိုင်လီက ရိုးသားတဲ့အပြုံးလေးနဲ့...

"အဖေ ကျွန်တော်ကအိမ်အတွက်လိုအပ်တာတချို့ဝယ်မလို့ စျေးထဲသွားမှာဆိုတော့ ဒီငွေစာရွက်တွေက မလုံခြုံဘူး အဖေရွာကိုပြန်ယူသွားပေးပါဦး "

အဲနောက် ပိုင်လီက ဆိပ်ကမ်းမြို့မှာ လဲခဲ့တဲ့ စုစုပေါင်း ငွေချောင်းထောင့်သုံးရာတန်ဖိုးရှိတဲ့ ငွေစာရွက်တွေကို ပိုင်အဖေအားပေးလိုက်ပြီး သူကတော့ ငွေချောင်းငါးဆယ့်သုံးချောင်းနဲ့ ကြေးပြားကိုးရာကိုသာယူထားလိုက်လေသည်။ အစက ငွေချောင်းအဖြစ်ချန်ထားတာက ငါးဆယ့်နဲ့လေးချောင်းရှိပေမယ့် မနေ့ညကတည်းခိုအိမ်ရဲ့အခန်းနှစ်ခန်းငှားခက ကြေးပြားတစ်ရာကုန်ခဲ့လို့ တစ်ချောင်းကတော့ကြေးပြားတွေပြောင်းသွားခဲ့ပြီ။ ဆိပ်ကမ်းမြို့မှာ တည်းခိုအိမ်တွေကတကယ်စျေးကြီးပြီး စျေးအနည်းဆုံးအခန်းကတောင် ကြေးပြားငါးဆယ်ရှိလို့ ပိုင်အဖေနဲ့အကြီးကဲဆို အဲဒီအကြောင်းပြောလို့မပြီးကျတော့ပါဘူး။ ကြေးပြားငါးဆယ်က လူတစ်ယောက်တစ်နေကုန်ရတဲ့ လုပ်အားခထက်များနေတယ်လေ။ သူတို့ရွာမှာ လယ်လုပ်ဖို့ လူငှားရင် ထမင်းတစ်နှပ်နဲ့ကြေးပြားနှစ်ဆယ်ငါးပြားပဲရှိတာမဟုတ်ဘူးလား။ ကြေးပြားငါးဆယ်ဆိုတာက တစ်ညအတွက်တကယ်ကိုများတာပါ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now