အပိုင်း (၇၃)

11.1K 1.3K 47
                                    

အပိုင်း (၇၃) ကျိုးရှီ၏ အလိမ်ညာပြဇာတ်-2

"အိုက်ယား! တစ်ဖက်ကဝယ်သူတွေက အလျှင်လိုနေတယ်ဆိုလို့သာ မဟုတ်ရင် မရီးတို့က မင်းပြန်လာတာကိုစောင့်ပြီး မင်းအိမ်ကအပင်ကိုရော ရောင်းပေးချင်သေးတာ မရီးက အစကတော့ မင်းအိမ်ကအပင်ကိုရော ယူဖို့တွေးသေးပေမယ့် အိုင်း.. ရှောင်ဟန်က စိုးရိမ်စိတ်များတတ်တယ်လေ ဒီတော့ သူက သဘောမတူလောက်ဘူးမလား ဒါကြောင့်သာ မင်းငွေချောင်းတစ်ထောင်ထပ်ရမယ့် အခွင့်ရေးတစ်ခုကိုလွဲသွားတာခဲ့ပေါ့ ဒါပေမယ့် မင်းအနေနဲ့ ငွေချောင်းတစ်ထောင်ဆုံးရှုံးသွားလို့ ရှောင်ဟန်ကိုတော့ ဒေါသမထွက်လိုက်ပါနဲ့ကွယ် ဒါကငွေချောင်းတစ်ထောင်တောင်ဆိုပေမယ့် သူကအရင်ထဲက ဒီလိုပုံစံလေးပဲမလား"

မူလတွင် ပိုင်လီကအေးဆေးစွာ နားထောင်နေတာဖြစ်သော်လည်း ထိုနောက်ဆက်တွဲ စကားများကြားချိန်တွင် သူက ကျိုးရှီကိုမကြည့်ဘဲမနေနိုင်တော့ပေ။

ဒီမိန်းမက သူ့လုပ်ရပ်ကို လုံးဝလိမ်ညာပြီး ​သူရှောင်ဟန်ကို သူ ဒေါသထွက်ဖို့တောင် စကားနဲ့ သွယ်ဝိုက်ပြီး တွန်းပို့လိုက်သေးတယ်ပေါ့။ သူမက သူတို့တွေစကားများဖို့ကိုတောင် မျှော်လင့်နေတာလားပဲ။

အကယ်၍ မူလပိုင်လီလိုလူမျိုးသာဆိုရင်တော့ သူကအကျိုးကြောင်းစပ်ဆက်တွေးမှာမဟုတ်ဘဲ ငွေချောင်းထောင်ချီကိုပဲတွေးကာ ရှောင်ဟန်အပေါ်ဒေါသထွက်နိုင်ကောင်း ထွက်နိုင်ပေမယ့် ယခုလက်ရှိဤနေရာတွင်ရှိနေသော ပိုင်လီကတော့ ငွေကြောင့်နဲ့မိသားစုကို လုံးဝပြဿနာရှာမယ့်လူမျိုးမဟုတ်ပေ။

သူက သူ့မိသားစုကို အလိုလိုက်လို့တောင်မဝတာကို ဘာကိစ္စဒေါသထွက်ရမှာတဲ့လဲ။

ရှောင်ဟန်ကြောင့် ငွေချောင်းတစ်ထောင်ရမယ့် အခွင့်ရေးကို လက်လွှတ်လိုက်ရုံမကဘူး အဲဒီနေရာမှာရွှေချောင်းတစ်ထောင်ဆိုရင်တောင် သူကတော့ လုံးဝလှုပ်မှာမဟုတ်ဘူး။ ထပ်ပြီး ရှောင်ဟန်က အိမ်မှာရှိတဲ့ရွှေချောင်းသောင်းချီကို အကုန်ဖြုန်းလိုက်ရင်တောင် သူကတော့ငြိုငြင်မှာကိုမဟုတ်ဘူး။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now