နှစ်ကိုယ်ကြားစကားဝိုင်း

4.9K 665 11
                                    

အပိုင်း (၁၄၇) နှစ်ကိုယ်ကြားစကားဝိုင်း

"အမှန်ပဲ ပုံမှန်ဆိုရင်တော့ အမေပြောတာက ဒီတိုင်းပဲပြောလိုက်တာဖြစ်နိုင်ပေမယ့် ဒီနေ့မှာပြောခဲ့တာဆိုရင်တော့ တစ်ခုခုကိုသတိပေးလိုက်တာပဲ မင်းပြောကြည့် အဲတာက ဘာဖြစ်နိုင်လောက်လဲ"

ရှောင်ဟန်မှာ သူ့ခင်ပွန်းရဲ့ လက်ရှိအပြုမူကြောင့်အနည်းငယ် ရှက်ရွံ့သွားသော်လည်း သူက မေးခွန်းကိုသာ အာရုံစိုက်လိုက်လေသည်။

သူက ခဏလောက်ငြိမ်သွားပြီးမှ...

"အဲဒါ... ရှောင်မိသားစုကို သတိထားနေဖို့လား"

ဝမ်လေနဲ့ တခြားသူတွေလည်း ဖြစ်နိုင်ပေမယ့် ဘာလို့လည်းမသိ ရှောင်ဟန်က ပိုင်အမေရည်ရွယ်တာက ရှောင်မိသားစုဟုသာ ထင်မိပေသည်။

ဒီအဖြေကြောင့် ပိုင်လီကလည်း ပြောလိုက်ပါတယ်။

"ကိုယ့်ဇနီးလေးက အရမ်းတော်တာပဲ ဟုတ်တယ် အမေက မင်းကို တည့်တိုးသတိပေးရင် ရှောင်အိမ်ကမင်းမိသားစုပဲဆိုတော့ သိပ်မကောင်းလို့ အရိပ်မွတ်ပေးလိုက်ရုံပဲ အမေကလူကြီးဆိုတော့ လဲ့ရှီဘာလုပ်လာနိုင်လဲဆိုတာ ကြိုမြင်နိုင်တယ်လေ ဒါကြောင့် သူတို့များ မင်းအပေါ် ပြန်ကောင်းပေးလာခဲ့ရင် မင်းသူတို့ကို အရမ်းမယုံလိုက်ဖို့မှာချင်နေတာ"

ရှောင်ဟန်က ဒါကိုကြားတော့ တိတ်ဆိတ်သွားလေသည်။

ဒါကိုမြင်တော့ ပိုင်လီက ထပ်ရှင်းပြလိုက်ပါတယ်။

"လဲ့ရှီက ရှောင်မိသားစုအနေနဲ့ ပြီးခဲ့တဲ့ကိစ္စအတွက် နောင်တရပြီး တောင်းပန်ချင်နေတယ်ဆိုတာကို  ကိုယ်တို့မရှိတဲ့အချိန်မှာ တစ်ရွာလုံးကလူတွေ သိအောင်လုပ်ပြီးသွားပြီလေ အဲတော့ ကိုယ်ထင်တာတော့ ဒီနေ့ ကိုယ်တို့ပြန်လာတဲ့အချိန်က ညနေရောက်နေလို့ မမှီတော့ပေမယ့် မနက်ဖြန်လောက်မှာပဲဖြစ်ဖြစ် ရှောင်မိသားစုကလူတွေက ကိုယ်တို့ကိုတောင်းပန်ဖို့ လာမယ်ထင်တယ် ကိုယ့်အထင်တော့အဲဒါကို လူတွေသိအောင်လုပ်ဖို့ ပိုပြီးဖြစ်နိုင်ချေရှိတယ် ဒါမှ သူတို့က တကယ်တောင်းပန်တယ်ဆိုတာကို လူတွေသိကျမှာပေါ့ ဒါက လူတွေရဲ့အမြင်ကိုသုံးပြီး ကိုယ်တို့ကို သူတို့က တောင်းပန်တာကို လက်ခံဖို့ ဖိအားပေးတဲ့သဘောပဲလေ"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWo Geschichten leben. Entdecke jetzt