တည်သီးလေးများကိုခူးဆွတ်ခြင်း

7.5K 881 6
                                    

အပိုင်း (၁၁၄) တည်သီးလေးများကိုခူးဆွတ်ခြင်း

ပိုင်လီတို့သားဖတတွေက အနည်းငယ်ဆူညံနေပေသည်။ အထူးသဖြင့် ပိုင်ရှောင်ဝူလေးက သူ့ကိုမရိုက်ဖို့ကို အော်ဟစ်နေသဖြင့် ရှောင်ဟန်က သူတို့တွေကို လှမ်းကြည့်လိုက်သော်လည်း သူ့ခင်ပွန်းက ကလေးတွေကို တကယ်နာအောင်ရိုက်မှာ မဟုတ်ကိုသိနေလို့ သူက ထတော့မသွားခဲ့ပါဘူး။

ပြောရလျှင် တကယ်တော့ ထူးဆန်းပေသည်။ အတိတ်တွေက ပြောင်းလဲလို့မရနိုင်ဘဲ သူတို့တွေက အတိတ်ကဖြစ်ရပ်တွေကို သတိထားတဲ့အနေနဲ့ ပိုင်လီကို အမြဲသတိနဲ့ ဆက်ဆံသင့်ပေမယ့် လက်ရှိအချိန်မှာတော့ သူတို့မိသားစုရဲ့ ဆိုးဝါးတဲ့အမှတ်တရတွေက မှေးမှိန် ပျောက်ကွယ် သွားသလိုပါပဲ။

ရှောင်ဟန်က လက်ရှိ ပိုင်လီက ကလေးတွေကို ဘယ်တော့မှ နာကျင်အောင်လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်စပြုနေခဲ့ပါတယ်။

ပိုင်လီကတော့ ရုန်းကန်အော်ဟစ်နေတဲ့ သူ့သားငယ်လေးအား တစ်ဖက်က မသွားလိုက်ပြီး တစ်ဖက်က လိမ္မာတဲ့သားကြီးကို ပွေ့ချီလျက်နှင့် သန့်စင်ပေးဖို့ရာ ခေါ်သွားလိုက်တော့သည်။

သူတို့ အိမ်လေးထဲပြန်ရောက်ချိန်မှာ စားပွဲပေါ်မှာ ယာဂုပူပူလေးနှစ်ပန်းကန်ကို ရှောင်ဟန်က ပြင်ထားနှင့်ပြီးပါပြီ။

အစားသောက်ကိုမြင်လိုက်ရတဲ့ ရှောင်ဝူလေးက ထိုတော့မှ ငြိမ်သွားခဲ့ပြီး သူ့အကိုနဲ့အတူ ငြိမ်သက်စွာစားနေတော့၏။ ဒါပေမယ့် သူလေးက စားနေတုန်းမှာပဲ ရှောင်ဟန်ကို မေးခွန်းထုတ်လာခဲ့ပါတယ်။

"ဖေဖေ အသားမရှိဘူးလားဟင် "

ရှောင်ဟန်က ဒါကိုကြားတော့ အဝတ်ချုပ်နေတာကိုရပ်လိုက်၍ သူ့သားငယ်ကိုကြည့်လိုက်ပြီး...

"ဒီနေ့ အသားမပါပေမယ့် ဥတွေအများကြီးပါတယ်လေ ရှောင်ဝူလေး မင်းအစားရွေးနေတာလား"

ပုံမှန်အားဖြင့် ရှောင်ဟန်သည် ကလေးတွေကိုအလိုလိုက်လေ့ရှိသော်လည်း တစ်ခါတလေဆို ပိုင်လီထက်ပင် တင်းကျပ်တတ်ပါသေးသည်။

အထူးသဖြင့် အစားသောက်ရွေးတာကို ရှောင်ဟန်ကမကြိုက်ပါချေ။ သူတို့တွေက အိမ်မှာရှိတဲ့ အသားခြောက်တွေကြောင့်ရော တစ်ခါတလေ ဆောင်းရာသီကြီးကို အမဲလိုက်သွားတတ်သေးတဲ့ ပိုင်လီကြောင့်ရော အသားပျက်လပ်နေတယ်ဆိုတာ မရှိခဲ့ပေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now