16

3.8K 493 25
                                    

[Unicode]
Chapter-16 (မူးယစ်သောက်စားခြင်း)

နောက်တစ်ရက် တုရှန်း နိုးလာတော့ သူတစ်ယောက်တည်းအိပ်ယာပေါ်မှာရှိနေတာကို သတိထားမိတယ်။ယန်ကျိ အိပ်ခဲ့တဲ့ဘက်ခြမ်းကပြန့်ပြူးနေဆဲဖြစ်ကာ မသိလျှင် မအိပ်သွားတဲ့အတိုင်းပင်။

တုရှန်း အံ့သြသွားတယ်။  သူက အဲ့လောက်အထိ အရမ်းအအိပ်ကြီးသူမဟုတ်ဘူး။ မနေ့က ကိစ္စက သူ့ကို ခြောက်လန့်လိုက်လို့သာ။ ဒါပေမဲ့ ယန်ကျိ ထသွားတာတောင် သူဘာလို့မသိလိုက်ရတာလဲ။

ညကကောင်းကောင်းအိပ်ပျော်သွားတာကြောင့် ညအိပ်ဝတ်စုံက တုရှန်း ရဲ့ပခုံးတစ်ဖက်မှာလျှောကျနေတယ်။တုရှန်း ဂွမ်းကပ်ထဲကနေ ထလာချိန် အပူချိန်ကလျော့နည်းနေပြီး အေးနေသလိုခံစားလိုက်ရတယ်။ ထို့နောက် သူဖိနပ်ကောက်စီးလိုက်ပြီး ရေသောက်ရန် သွားတော့တယ်။

အဲ့အချိန်မှာ ယန်ကျိ ဝင်လာပြီး  ဝှီးချဲပေါ်တွင် စစ်တပ်ယူနီဖောင်းဝတ်စုံဝတ်ကာထိုင်နေရင်း တုရှန်း ရေသောက်နေတာကိုကြည့်နေတယ်။အထူးသဖြင့် ပေါ်နေတဲ့ပခုံးသားတွေကိုမြင်ပြီး ယန်ကျိ ချောင်းဆိုးလိုက်ကာ

"အဝတ်ကိုသေချာဝတ်ထား"

တုရှန်း ရေခွက်ကိုချလိုက်ပြီး အဝတ်ကိုပြန်ဆွဲတင်လိုက်တယ်။ယန်ကျိ ဘာလို့ အဲ့လောက်အထိတကူးတကပြောနေလဲကိုတော့ သူမသိဘူ။

"အာကာသယာဉ်ရဲ့ စွမ်းအားက သိပ်မထောက်ပံ့နိုင်တော့ဘူး။အပူပေးစနစ်က ကျသထက်ကျလာလိမ့်မယ်"

ယန်ကျိ ရှင်းပြတာကြားတော့မှ ဒီမနက် အရမ်းအေးနေသလိုခံစားနေရတာ မထူးဆန်းတော့ဘူး လို့ တုရှန်း တွေးလိုက်တယ်။

"အပြင်ကအပူချိန်ကကော"

သူမှတ်မိသလောက် မနေ့ကအပြင်မှာ အဲ့လောက်မအေးဘူးလားလို့လေ။

"မိုင်းနပ် ၁၀၅ "

တုရှန်း အံ့သြသွားတယ်။သူ တာမီနယ်ကိုဖွင့်ပြီး ပတ်ဝန်းကျင်အခြေအနေကိုဖွင့်ဖို့ပြောလိုက်ချိန် အပြင်ဘက်ကအခြေအနေကိုမြင်လိုက်ရတယ်။

ဒီဂြိုလ်တခုလုံး နှင်းတွေကျနေပြီး ရာသီဥတုအပြောင်းအလဲကအရမ်းမြန်လွန်းနေတယ်။မနေ့ကသူရာသီဥတုကို ကြည့်မိတုန်းက အဲ့ဒါက ဇီးရိုးအထက်ရှိနေပါသေးတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now