17

3.6K 480 13
                                    

[Unicode]
Chapter-17(အဆင့်ဆင့်မေးမြန်းခြင်း)

တုရှန်း အိပ်နေရင်း တစ်ယောက်ယောက်က အကြာကြီး ထူးထူးဆန်းဆန်းစိုက်ကြည့်နေသလို ခံစားလိုက်ရတာကြောင့် ဘေးတစ်ဖက်ကို လှိမ့်ပြီး အာရုံပြောင်းလိုက်ရတယ်။ ဒါပေမဲ့လည်း ခံစားချက်ကြီးရှိနေတုန်းပဲလို့ ခံစားနေရဆဲဖြစ်တာကြောင့် မတတ်သာတဲ့အဆုံး မျက်လုံးဖွင့်ကြည့်လိုက်ရတော့တယ်။

သောက်ထားတဲ့အကျိုးကျေးဇူးကြောင့် ခေါင်းတခုလုံးက ပေါက်ကွဲထွက်တော့မလို ဆိုးဆိုးရွားရွားကိုက်ခဲနေတယ်။ဒါပေမဲ့ ခေါင်းကိုက်တာကထားပါတော့ ။ ဘာလို့သူ့ခန္ဓာကိုယ်ကနာနေရတာလဲ အထူးသဖြင့်ဟိုနေရာ...။တုရှန်း မျက်လုံးခဏပိတ်ပြီး အရက်ရဲ့ဆိုးကျိုးကြောင့် ဘာဖြစ်သွားခဲ့လဲဆိုတာကို ပြန်ပြီးတွေးကြည့်နေတယ်။

"ဘာတွေ ဟန်ဆောင်နေတာလဲ"

သူ့နောက်ကျောမှာရှိနေတဲ့ ယန်ကျိ ဆီကနေ အေးစက်စက်အသံထွက်လာတာကြောင့် တုရှန်း မျက်စိပြန်ဖွင့်ပြီး ယန်ကျိ ကိုကြည့်လိုက်တယ်။

"ဘာကိုပြောတာလဲ"

သူပြောပြီးတဲ့နောက်မှာ ထပ်ပြီးကြောင်အသွားရတယ်။ဘာလို့လဲဆိုတော့ ယန်ကျိ က အဝတ်ဗလာနဲ့ထိုင်နေတာဖြစ်ပြီး စတော်ဘယ်ရီအမှတ်အသားအရာတွေကလည်း လည်ပင်း၊ ရင်အုပ်နဲ့ ဝမ်းဗိုက်ပိုင်းတောက်လျှောက်မှာအပြည့်ပဲ။အိုးဖင်ကပ်နေတဲ့ အိုးမဲလို မဲတူးနေတဲ့ ယန်ကျိ မျက်နာကိုကြည့်ပုံအရ မနေ့ညက တစ်ခုခုဖြစ်ခဲ့ပုံပဲ။တုရှန်း မသိချင်ယောင်ဆောင်ကာ ပါးစပ်ဟကာ ခေါင်းကိုအုပ်ထားမိတော့တယ်။

ဘယ်လောက်တောင် ကြမ်းတမ်းပြီး တက်ကြွခဲ့တာတုန်း ... တုရှန်း တုရှန်း မင်းကအိုမီဂါလေ...သွားပါပြီ...မင်းတာဝန်ယူစိတ်ကောရှိသေးရဲ့လား...ဒါပေမဲ့ ငါနဲ့ ယန်ကျိ ကလက်ထပ်ပြီးသားမဟုတ်ဘူးလား

ယန်ကျိ က တုရှန်း လွတ်လမ်းရှာနေတာကိုမြင်တော့ ချက်ချင်း စိတ်ဆိုးသွားပြီး တုရှန်း လက်ကိုဆွဲကာ အော်ပြောလိုက်တယ်

"လိုက်လာခဲ့"

လောင်ကျု့ တိုဖူးကိုစားပြီး လောင်ကျု့ကို ခွင့်ကောတောင်းလို့လားလို့ ယန်ကျိ မထိန်းနိုင်ပဲ ကျိန်ဆဲလိုက်ချင်မိတော့ပြီ။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now