69

1.2K 152 1
                                    

[Unicode]
Chapter-69 (အမွှာလေးတွေ)

ဝမ်မိသားစု ရဲ့ သတင်းဆိုးတွေက ပေါက်ပေါက်ဖောက်နေဆဲပင်။ပင်မအုပ်စုရဲ့ ပုံရိပ်ရှိနေသေးတာကြောင့် ပြည်သူတွေကလဲ ဝမ်မိသားစု ရဲ့အင်အားကို ဖြုတ်ချချင်နေကြတာကြောင့် ပင်မအုပ်စုကိုပဲ တိုက်ရိုက်တိုက်ခိုက်ကြတော့တယ်။လွန်ခဲ့တဲ့နှစ်ရက်လုံးက ထိုသတင်းအကြောင်းအရာတွေကြီးပဲဖြစ်တာကြောင့်  ဘယ်သူမှဂရုမစိုက်မိဘဲ မနေနိုင်။ဝမ့်ကျူ့ ရဲ့ အနိုင်ကျင့်ရိုက်နှက်ခဲ့တဲ့ မတော်တဆမှုအဖြစ်အပျက်ကအရမ်းပွထလို့နေခဲ့တယ်။

လောင်ထန်း တာမီနယ်ကိုချလိုက်တယ်။ပွဲကြည့်သူတစ်ယောက်အနေနဲ့ သူ့မှာဒီကိစ္စတွေအထိလိုက်စိတ်ဝင်စားဖို့အားမနေ။ပထမအနေနဲ့ သူ့အာရုံကိုဆွဲဆောင်သွားခဲ့တယ်ဆိုတာလည်း Star Diamond ရဲ့ဖော်မြူလာကို ခိုးခဲ့တဲ့လူအကြောင်းဖြစ်နေတာကြောင့်ဖြစ်တယ်။အခု တုချိအကြောင်းသတင်းတွေတက်မလာတော့တာကြောင့် သူစိတ်ဝင်စားမနေတော့။ဝမ်မိသားစုဘက်က ဘယ်လိုပဲစစ်တပ်ကို ဆန့်ကျင်ရဲပါစေ အချိန်တစ်ခုရောက်ရင်တော့ ထိုလူတွေ ဖျက်ဆီးခံရမှာမလွဲပေ။

လောင်ထန်း တစ်ယောက် လောင်ရှင်း အတွက်နို့ဖျော်ဖို့ပြင်နေတုန်း အနောက်ကနေ ရုတ်တရက်သိုင်းဖက်ခံလိုက်ရတယ်။လောင်ထန်း အတွက်တော့ ထိုလူက ဘယ်သူလဲဆိုတာ ခန့်မှန်းဖို့မခက်လိုက်။

"တုန်ဖန့်ရှောင် ငါ့ကိုလွှတ်"

လောင်ထန်း နို့ဘူးကိုကိုင်ထားရင်းပြောလိုက်တယ်။

တုန်ဖန့်ရှောင် က သူ့လည်ပင်းကိုကိုက်ခဲလာတာကြောင့် လောင်ထန်း ညည်းညူမိတယ်။အနာဟောင်းက မပျောက်သေးချိန် အနာသစ်ကထပ်ပေးလို့လာပြန်ပြီ။သူကအိုမီဂါမဟုတ်တာ သေချာပါရဲ့နဲ့ ဘာလို့ဒီလူက သူ့လည်ပင်းကိုကိုက်ရတာကို အရမ်းကြိုက်နေရတာလဲ။

"ကိုယ်မလွှတ်ဘူးဆိုရင်ကော မင်းဘာလုပ်မှာလဲ"

တုန်ဖန့်ရှောင် က တတိတိကိုက်ရင်းပြန်မေးလာတယ်။

သေချာပေါက် သူဘာလုပ်နိုင်မှာတဲ့လဲ။အဲ့အချိန် တုန်ဖန့်ရှောင် လက်က သူ့အင်္ကျီထဲကိုရုတ်တရက်ရောက်လာတာကြောင့် လောင်ထန်း အသက်ရှုသံတွေကို ပိုပြင်းလာတယ်။တုန်ဖန့်ရှောင် နဲ့သူအပေးအယူလုပ်ခဲ့တဲ့ 'သူ့ကိုဘာမဆိုလုပ်နိုင်တယ်'ဆိုတဲ့ စကားပြောခဲ့ပြီးတည်းက ဒီလူကြီးက ယဥ်ကျေးမနေတော့တာပဲ။နေ့တိုင်းမှာ သူအကြိုက်ဆုံးနေရာက ရင်သားတွေဖြစ်ပြီး အရင်လတွေကထက်တောင် ပိုပိုထိတွေ့လို့လာတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now