62

1.2K 143 0
                                    

[Unicode]
Chapter-62 (ညဝတ်အင်္ကျီ)

စစ်ပွဲကြောင့် နားထားတဲ့ကျိယောင်ပြိုင်ပွဲဟာ ခုနစ်ရက်နေရင် ပြန်လည်ကျင်းပတော့မှာဖြစ်ပြီး တုရှန်း ဆီ အကြောင်းကြားစာရောက်လာပေမဲ့ ဒီတစ်ခေါက်မှာတော့ ယန်ကျိ တစ်ယောက်မြိုတော်မှာလုပ်စရာတွေ အများကြီးရှိနေတာကြောင့် သူနဲ့အတူလိုက်ဖို့မဖြစ်နိုင်တော့ပေ။

"ကိုယ်အလုပ်တွေလက်စသတ်ပြီးတာနဲ့ အဲ့ကိုလိုက်လာခဲ့မယ်"

တုရှန်း ခေါင်းငြိမ့်ပြလိုက်ပြီး သူကပွဲမကျင်းပမှီတစ်ရက်ကြိုသွားရတော့မှာဖြစ်တာကြောင့် ယန်ကျိ နဲ့ခွဲခွာဖို့ကို သူတွန့်ဆုတ်နေမိတယ်။

ယန်ကျိတစ်ယောက် သူ့ခါးကိုကိုင်ပြီး တစ်ကိုယ်လုံးကိုပွေ့ဖက်ထားတဲ့ အရင်ကတစ်ခါမှမတွေ့ဖူးတဲ့ တုရှန်း ရဲ့ လူကပ်တဲ့အပြုအမူလေးကြောင့် ဒီလိုကပ်ချွဲတာလေးမျိုးကို လိုလိုလားလားပျော်ပျော်ရွှင်ရွှင်ကိုလက်ခံလို့နေမိတယ် ။

"ကျွန်တော် စောင့်နေမယ်"

တုရှန်း တိုးတိုးလေးပြောလိုက်တယ်။အခု သူက အရင်ကထက် ယန်ကျိ အပေါ် အများကြီးပိုပိုတွယ်ကပ်လာတယ်ဆိုတာ သူ့ကိုယ်သူသတိထားမိတယ်။တစ်ခါတစ်လေ သူတွေးမိတယ်။  ယန်ကျိ ကို တစ်နေ့လုံးမမြင်ရတဲ့နေ့မျိုးဆိုရင်တောင် သူနေလို့မကောင်းတော့။

ယန်ကျိ လည်း သူ့ရင်ခွင်ထဲက အတွေးလွန်နေတဲ့ တုရှန်း ကို ချိုင်းကနေဆွဲချီမကာ စားပွဲပေါ်ကိုတင်လိုက်တယ်။

"ဘာလို့ ကလေးတွေလို ချီနေရတာလဲ"

တုရှန်း မကျေမနပ်ပြောလာတယ်။

ယန်ကျိ ရဲ့ အကြည့်‌တွေက အရမ်းနူးညံ့နေတာကြောင့် တုရှန်း ထပ်ပြီး မကျေမနပ်မပြောတော့။နှစ်ယောက်သားအကြည့်ကနေတဆင့် ဖွင့်မပြောလည်းသိနိုင်တဲ့ နားလည်မှုတွေရှိနေခဲ့ပြီးဖြစ်တယ်။ဒါကြောင့် တုရှန်း ယန်ကျိ လည်ပင်းကိုသိုင်းဖက်ကာ နှစ်ယောက်သားနမ်းလိုက်ကြတယ်။အနမ်းက နှစ်ယောက်လုံးအတွက် မလုံလောက်ပေ။အိမ်ထိန်းစက်ရုပ်ကို အိမ်ထဲကနေမောင်းထုတ်ကာ တံခါးပိတ်လိုက်ပြီးနောက် စားပွဲခုံရဲ့ တဒုံးဒုံးမြည်သံကိုကြားရမှာပင်...

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now