အနမ်းတစ်ပွင့်🌹 part1

958 19 0
                                    

လောကကြီးကရှုပ်ထွေးတယ်.. ဘယ်အရာမှတရားမျှတမှုဆိုတာမရှိဘူး ဒါပေမဲ့ မင်းငါ့ဘဝထဲဝင်လာတဲ့အချိန်ကစပြီး မင်းနဲ့အတူအရာအားလုံးကို ဖြတ်သန်းချင်မိတယ်

"ဒယ်ဒီရေးး.. သမီးမြန်မာပြည်သွားဖို့လက်မှတ်ဖြတ်ပြီးပြီ"

"အေး Henna ငါ့သမီးလေးအဲ့သွားရင်တော့ ဒယ်ဒီသတိရနေတော့မှာပဲဟိုရောက်ရင် ကျန်းမာ‌ေရးဂရုစိုက် ရောက်ရင်လဲ ဒယ်ဒီ့ကိုဖုန်းဆက်နော် ဟိုဘက်မှာအဆင်ပြေအောင်နေ"

"ဟုတ်ကဲ့ပါ ဒယ်ဒီ ဟိ အဲ့ဒီမှာ တစ်နှစ်ကျောင်းတက်ပြီးရင် သမီးပြန်လာပါ့မယ် အဲ့အချိန်ကျ company ခွဲ ထောင်တာလဲပြီးရောပေါ့"

"အွန်းပါ ဒယ်ဒီဟိုဘက်မှာ သမီးနေဖို့အတွက် လုပ်ပြီးပြီနော် နောက်နှစ်လကျရင် ဒယ်ဒီ သမီးနေဖို့အတွက်အိမ်တစ်လုံးဝယ်ပေးမယ် ဘယ်အချိန်ပဲဖြစ်ဖြစ် မြန်မာပြည်ပြန်သွားတဲ့အခါ အဲ့အိမ်မှာပဲ အနားယူလို့ရတယ်လေ ပြီးတော့ အဖေ လက်ထောက်တေရော ထည့်ပေးရမလား"

"မလိုပါဘူးရှင့် လက်ထောက်တေကို ခနပဲငှားသွားပါ့မယ် ပြီးရင်ပြန်လာခိုင်းလိုက်မယ်လေ သမီးကအရွယ်ရောက်နေပါပြီနော် ကိုယ့်အားကို ကိုးတတ်နေပြီ"

"ဟုတ်ပါပြီ ဒါနဲ့ သမီးကို အဖေ့ သူငယ်ချင်းရဲ့ သမီးနဲ့ ခနအတူနေလို့ဖြစ်တယ်မလား သူက သမီးထက် ၁နှစ်လား ၂ နှစ်လားမသိကြီးတယ် ဦး ဇွဲနိုင် ကတော့ အလုပ်လုပ်နေတာဆိုတော့ သူ့သမီးနဲ့အတူနေလေ့မရှိဘူး သူ့သမီးက ခုတျောက်ထဲပေါ့ကွယ် အမှန်တော့ အတူနေပေးဖို့ ဦး‌ဇွဲနိုင် အကူညီတောင်းထားတာ သူ့ရဲ့သမီးလေးကို မပျက်စီးစေချင်ဘုးတဲ့လေ"

"Hm.... တူတူနေလို့ရပါတယ် ဒါနဲ့သူ့နာမည်က?"

"နွေဦးခင်တဲ့ ခုကတော့ ဆေးကျောင်းသားလုပ်နေတယ်"

"ဟုတ်ကဲ့ ဒယ်ဒီ ဒါနဲ့ ဒယ်ဒီ ပြီးရင်အလုပ်မှာပဲနေဦးမှာမလား မြန်မာပြည်မသွားခင်ဒယ်ဒီ့ကို ဖက်ထားလို့ရလား"

"အမယ်လေးရတာပေါ့ကွယ် လာပါဦး ငါ့သမီးလေး ကြီးလာလိုက်တာ" (အသက်ကိုပြောတာ)

"ဒါနဲ့အဖေ သမီးရဲ့မြန်မာ နာမည်ကို သက်ထားစံလို့ပဲ ထားရမှာလား"

အနမ်းတစ်ပွင့်🌹Where stories live. Discover now