အမှောင်လေးတွေပါတာမို့ မဖတ်ချင်ရင် ကွက်ကျော်သွားလို့ရပါတယ်🤸
မနက်နိုးလာတော့ နွေဦး ဟာ သက်ထားရဲ့ ပွန်းပဲ့နေတဲ့ ဒဏ်ရာလေးတွေရယ် ပေါက်နေတဲ့သွေးနဲနဲစွန်းနေတဲ့နှခမ်းလေးတွေကိုကြည့်ကာ
"အို... ဘယ်လိုတောင်ဖြစ်သွားတာလဲကွယ် ကြည့်ပါအုံး.. "
နွေဦးဟာ သွေးစွန်းနေတဲ့ နှခမ်းလေးကို ဖွဖွလေး ဖိနမ်းလိုက်ပါတယ်
"Om.. နွေဦး နိုးနေတာလား"
"အွန်း"
"ခနစောင့်နော် သက်ထား မနက်စာသွားလုပ်ပေးမယ် အ!"
"သက်ထားရရဲ့လား ဒူးခေါင်းမှာလဲ အနာတွေနဲ့ "
"ဟုတ်ရပါတယ်.."
"ဒီနေ့တော့ သက်ထားနားလိုက်ဦး ဒီက အမျိုးသမီးလေးက စောင့်ရှောက်ပေးမှာမို့"
"ကျောင်းကရော?"
"မသွားတော့ဘူး"
"စာမေးပွဲနီးနေတာကို"
"ရပါတယ် ကွယ် စကားမစပ် သက်ထား ရော စာတွေလုပ်ပြီးပြီလား"
"အွန်း စာတွေကအေးဆေးအေးဆေး အလုပ်မှာ အားတဲ့အချိန်ရှိတယ် အဲ့အချိန်အတွင်းမှာ စာလေ့လာလို့ရတယ်"
"သက်ထားအရမ်းကြီးမလုပ်နဲ့ လူကြီးတွေကတော့ ဒီလောက်အသက်ငယ်ငယ် ကျောင်းလဲတက်ကသေးတာကို ပင်ပန်းတဲ့အလုပ်တွေလာခိုင်းနေတယ်"
"ဟီးး "
"ကဲ မနက်စာသွားလုပ်ပေးမယ်နော် ခနစောင့်"
"ဟုတ်"
နွေဦး လုပ်စရာရှိတာလုပ်ပြီး အောက်ဆင်းလာကာ သက်ထားအတွက် မနက်စာပြင်ပေးနေပါတယ် သက်ထားကတော့ ဒူးပေါ်ဘောင်းဘီရယ် shirt အဖြူလေးရယ် ဝတ်ပြီးအောက်ဆင်းလာပါတယ် နွေဦး မနက်စာလုပ်ပြီး အလှည့်မှာ သက်ထားဟာ နွေဦးရဲ့အမြင်အာရုံကိုဖမ်းစားသွားပါတယ် သို့ပေမဲ့ ဒဏ်ရာကြောင့် ဖြူဖွေးနေတဲ့ ဒူးခေါင်းပေါ်မှာ နီရဲနေတဲ့ ပွန်းရာ မျက်နှာမှာလဲ ပွန်းရာနည်းနည်း နှခမ်းမှာလဲ ပေါက်နေကာ ဒဏ်ရာတွေနဲ့ပင် နွေဦးတော်တော်လေးစိတ်မကောင်းဖြစ်သွားသည်
YOU ARE READING
အနမ်းတစ်ပွင့်🌹
Romanceလောကကြီးကရှုပ်ထွေးတယ် ဘယ်အရာမှတရားမျှတမှုဆိုတာမရှိဘူး ဒါပေမဲ့ မင်းနဲ့အတူဖြတ်သန်းနိုင်ရမယ်ထင်ထားတာ မင်းငါ့ကို လှည့်စားခဲ့တယ်