Part 12

157 9 1
                                    

"လာဖြစ်လို့လဲ သက်ထား"

"ဘာ-ဘာမှမဖြစ်ပါဘူး"

"ဟုတ်လို့လား...မလိမ်နဲ့နော် ကြည့်ပါဦး မျက်လုံးကလေးက မျက်ရည်တွေဝဲနေတယ်"

"မ-မဝဲပါဘူး"

"ဟွန်း သက်ထား လာ နွေဦးရင်ခွင်ထဲကို၊ ဒီကလေးလေးက ဘာလို့ငိုနေတာလဲ မငိုနဲ့"

"အွန်း.. နွေဦး ထားမသွားဘူးမလား၊ သက်ထားကိုလေ ထားသွားပြီးတော့ နောက်တစ်ယောက်ကို ပြောင်းမသွားဘူးမလား"

"ဘာလို့ ထားသွားမှာလဲ သက်ထားကလွဲပြီး ဘယ်သူမှမရှိတာဟာ"

"တစ်ကယ်နော်"

"တစ်ကယ်ပါ"

"ခန့်မင်းသူဆိုတဲ့လူက... သက်ထားရဲ့လုပ်ဖော်ကိုင်ဘက် တစ်ယောက်လဲဟုတ်တယ်"

"ဟေ? ဟုတ်လား"

"အင်း.. အဲ့နေ့တုန်းက သူတို့တွေနဲ့ T or D ဆော့ကြတာ သူ့အလှည့်ရောက်တော့ သူက T ကိုရွေးလိုက်တယ် အဲ့တော့ သက်ထားကလဲ သူ့ကိုမေးလိုက်တယ် မင်းချစ်တဲ့ကောင်မလေးကဘယ်သူလဲ? နာမည်ပါပြော ဆိုပြီးမေးလိုက်တာ သူကပြန်ပြောတယ် သူချစ်တဲ့သူက သူ့ငယ်သူငယ်ချင်းတဲ့ မြန်မာနာမည် ဖြစ်တော့ နင်တို့နားလည်မှာမဟုတ်ဘူးတဲ့ ဒါပေမဲ့ ငါသူ့ကိုခေါ်ရင် နွေ‌ေလး လို့ ခေါ်တာတဲ့"

"အော်.. သက်ထားရယ် နွေ နဲ့စတဲ့ နာမည်တွေမှ အများကြီးပဲကို ဒီကလူက သက်ထားကိုပဲ ယုယတာပါနော်"

"ဟုတ်.."

"အာ.. ဟုတ်သားအရေးကြီးတဲ့ project တွေရှိသေးတယ် လုပ်ရဦးမယ် မေ့နေတာ"

"ဟုတ်ပါပြီ ကြိုးစားထားနော်"

"ဟုတ်"

"နွေဦးလဲ ယမုံလှိုင်တော့နဲ့ စာသွားလုပ်ရင်ကောင်းမလားမသိ"

"ရပါတယ် သွားလေ"

"ဟုတ် အဟိ"

*Phone rings*

"Hello my sweetheart "

"Helo dady? ဘာကိစ္စရှိလို့လဲဟင်"

"သမီးလုပ်ခိုင်းထားတာတွေ လုပ်ပြီးပြီနော်"

"ဟုတ်ကဲ့ William လာပြောသွားတယ်၊ ဒယ်ဒီ ဆိုသည့်အတိုင်းပဲ မြန်လိုက်တာ"

အနမ်းတစ်ပွင့်🌹Место, где живут истории. Откройте их для себя