Part 11

225 9 0
                                    

မနက်ရောက်တော့ သက်ထားအရင်နိုးကာ မနေ့က အ‌ဖြစ်အပျက်ကြောင့် တော်တော်လေး ရှက်သွားပါတယ် ပြီးနောက် လုပ်စရာရှိတာကို မြန်မြန်လုပ်ကာ နွေဦးအတွက်မနက်စာလုပ်ပေးပြီး အလုပ် လုပ်ရန်အတွက် အလုပ်ကို မြန်မြန်ဆန်ဆန်သွားလိုက်ပါတယ်။ သက်ထားအလုပ်သွားပြီး ၁နာရီကြာတော့ နွေဦးနိုးလာကာ သက်ထားကိုမတွေ့တော့ နည်းနည်းစိတ်မကောင်းဖြစ်သွားပါတယ်

"ဟင်းး သက်ထားလဲမရှိဘူး။ ထားပါ သူအလုပ်သွားတာဖြစ်မှာပါ ငါလည်း လုပ်စရာရှိတာလုပ်ပြီး စာကြိုးစားရမယ်၊ ညနေကျရင် သက်ထားဆီအလည်သွားရင်ကောင်းမယ်ထင်တယ်"

နွေဦးလည်း လုပ်စရာရှိတာလုပ်ပြီး ယမုံလှိုင်တို့နဲ့ စာလုပ်ရန် ချိန်းကာ စာကြည့်တိုက်သို့ထွက်လာခဲ့ပါတယ်၊ သူတို့စာလုပ်တဲ့နေရာရဲ့ စာကြည့်တိုက်ဟာ အထပ် ၅ ထပ်လောက်မှာရှိတာပါ။ ထိုကြောင့် အပေါ်စည်းကနေ တော်တော်များများနေရာတွေကို မြင်နေရပါတယ်

"ဟူးးး သေစမ်း pressure တွေများလိုက်တာ ဒီညတော့ အိမ်မပြန်နိုင်တော့ဘူးထင်တယ်၊ နွေဦးကိုလည်းပြောရဦးမယ်၊ အော်ဟုတ်သား အဖေပြောထားတဲ့ နေရာဆီလည်းသွားရဦးမယ် ဟူးး လုပ်ရမှာတွေကများလိုက်တာ၊ အချိန်ကလဲ ၅ လပဲရတော့တယ် yosh အနည်းဆုံးတော့ ပုံကြမ်းရအောင်လုပ်ရမယ်"

ပြောပြီးနောက် သက်ထားလဲ ကော်ဖီတစ်ခွက်ယူကာ သူ့အဖေ ပြောတဲ့နေရာဆီ သွားလိုက်ပါတယ် ထိုနေရာမှာ အလုပ်လုပ်ရန်အတွက် project ပေးတဲ့လူနဲ့ meeting လုပ်ရမှာပါ တိုက်တိုက်ဆိုင်ဆိုင် ထိုနေရာဟာလဲ နွေဦးတို့စာလုပ်တဲ့နေရာဖြစ်နေခဲ့ပါတယ် သက်ထားတို့ထိုင်တဲ့နေရာဟာ နွေဦးတို့စာလုပ်တဲ့နေရာရဲ့ မျက်စောင်းထိုးမှာပါ၊ သက်ထားလဲအဲ့နေရာကိုရောက်ကာ ထိလူအားလက်တွဲမိတ်ဆက်ပြီး meeting စပါတော့တယ်

"ဟဲ့ နွေဦး အဲ့တာ သက်ထားမလား"

နွေဦးလဲယမုံလိုင်ညွှန်ပြတဲ့နေရာကို ကြည့်လိုက်တော့ smart ကျကျဝတ်ဆင်ထားပြီး ရုပ်တည်ကြီးနဲ့စကားပြောနေကာ မျက်မှန်လေးနဲ့ တစ်မျိုးချစ်ဖို့ကောင်းနေပြန်ပါတယ်

"အွန်းဟုတ်တယ်"

"နွေဦးလဲ စာလုပ်ချိန်တစ်ချိန်လုံးသက်ထားကိုပဲ ငေးကြည့်နေကာ ယမုံလိုင် ပြန်ပြန် သတိပေးမှ ပြန်သတိဝင်တာပါ၊ သက်ထားကတော့ meeting ကိုပဲအာရုံစိုက်နေမို့ နွေဦးကို သတိမထားမိချေ၊ ‌သက်ထား လဲထိုလူနဲ့ meeting ပြီးဆုံးသွားတော့ အပြုံးလေးဖြင့်လက်ချင်းနှုတ်ဆက်ကာ ပြန်ခါနီးမှ နွေဦး သူ့ကိုစိုက်ကြည့်နေတာသတိထားမိပြီး ပြုံးပြလိုက်ပါတယ် ပြီးနောက် ကော်ဖီဘူးနဲ့စာရွက်စာတန်း တစ်ချို့ယူကာ ခပ်မြန်မြန်ပဲ အလုပ်ကိုပြန်သွားပါတယ်

အနမ်းတစ်ပွင့်🌹Where stories live. Discover now