Part 9

192 12 0
                                    

"ဟင်... ငါဘယ်ရောက်နေတာလဲ... အော်ဟုတ်သားပဲ ခေါင်းကိုက်လွန်ပြီး.. နေပါဦး သက်ထား..ရော"

(သက်ထားဟာ နွေဦးရဲ့လက်ကိုကိုင်၍အိပ်ပျော်နေကာ ဆံပင်တွေမျက်နှာပေါ်မှာ လေးလံစွာကျနေပြီ နှာခေါင်းကလဲနီနေ၊ မျက်လုံးကလဲနီနေကာ တော်တော်လေး ငိုထားသည့်ပုံပင် မသက်မသာစွာကျနေသည့် ဆံပင်လေးများကို သက်ပေးကာ သက်ထားကို ကြည့်နေပါတော့တယ်၊ ထိုအချိန်တွင်သက်ထားနိုးလာကာ)

"Om.. နွေဦး.. နိုးပြီလား ဆရာဝန် သွားခေါ်ပေးမယ်နော် ခနစောင့်"

"အွန်း"
*သက်ထားရယ်... ငါ့အတွက်ကြောင့်နဲ့ ဒုက္ခမခံပါနဲ့😌*

"လူနာနိုးလာပြီလို့ကြားတယ်"

"ဟုတ်ပါတယ်ဒေါက်ဒါ"

"အွန်း စိုးရိမ်စရာ ထွေထွေထူးထူးတော့မရှိပါဘူး နေအရမ်းပူတာကြောင့်ရယ်၊ ခေါင်းခနခနလျှော်တော့ ခေါင်းမှာ မှိုဖြစ်ပြီး သွေးဖိအားတိုးသွားတာပါ"

"ဟုတ်ကဲ့ပါ ဒေါက်ဒါ ကျေးဇူးတင်ပါတယ်"

"နွေဦး အဆင်ပြေလား၊ သက်သာလား ဘယ်လိုခံစားရလဲ ခေါင်းမူးတာတွေ အန်ချင်တာတွေဖြစ်သေးလား  တစ်ခုခုနေရထိုင်ရ အဆင်မပြေရင် သက်ထားကိုပြောနော် သက်ထားဘာမဆိုလုပ်ပေးမယ်"

"သက်ထား... ဘယ်လိုပြန်လာတာလဲ ဟိုဘက်မှာအလုပ်ရှိတယ်မို့လား"

"နွေဦး...ခေါင်းကိုက်တယ်ပြောပြီး သတိ‌မေ့သွားတာမြင်တော့ သက်ထားလဲ အရမ်းစိတ်ပူသွားပြီး ၇:၀၀ လေယာဉ်နဲ့ အမြန်ဆုံးလာလိုက်တာ"

"သက်ထားရယ်.. နွေဦးအတွက်နဲ့ ဒုက္ခခံနေစရာမလိုပါဘူး"

"ဟင် ဒုက္ခခံတယ် ?အဲ့လိုဖြစ်စရာလား၊ ဟောဒီက အမျိုးသမီးလေးအတွက်ဆို ဒီက သက်ထားက ဘာမဆိုလုပ်ပေးမှာ"

"ဟုတ်ပါပြီ ဒါမဲ့ နွေဦးအတွက်နဲ့ အလုပ်ကို ပစ်ထားပြီးလာခဲ့တာမဟုတ်လား"

"အွန်း... ဒါမဲ့ဘာမှမဖြစ်ပါဘူး နွေဦးအတွက်ဆို ဘယ်လောက်ပဲကြာကြာ နွေဦးအနားပဲရှိနေတော့မှာ ဒီကလူသားက စိတ်မချဘူး"

"ဟုတ်ပါပြီ"

*Phone rings*

"Hello ဒယ်ဒီ"

အနမ်းတစ်ပွင့်🌹Where stories live. Discover now