Uni
"ဆရာ့ကို့တစ်ခုခုပြောချင်တာရှိလို့လားမုန်းမဟူရာ"
ထိုမုန်းမဟူရာဆိုသည့်ကလေးမမှာထမင်းစားရင်းသူ့အားတစ်ချိန်လုံးထိုင်ကြည့်နေသဖြင့်မေးလိုက်ချင်းဖြစ်၏။
"ဟုတ်ရှိတယ်ဆရာ ဆရာနဲ့ရာရာအရင်ကတွေ့ဖူးလားဟင်ဆရာ့ကိုရာရာမြင်ဖူးနေလို့"
"ဟုတ်လားတွေ့ဖူးရင်လည်းတွေ့ဖူးမှာပေါ့ဆရာကအရင်ကစတိုးဆိုင်တွေမှာအချိန်ပိုင်းဝင်လုပ်တယ်လေ"
"ဪ"
သူမ'ဪ'ဟုသာပြောကာစားစရာရှိသည်ကိုဆက်စားနေလိုက်၏။အတန်ကြာသည်အထိဘာစကားမှလည်းမဆိုဖြစ်ကြလေထုကအေးတိအေးစက်နိုင်လှသည်။ထို့ကြောင့်သူမစကားစပြောရန်ပြင်လိုက်သည်။
"ဒါနဲ့ဆရာ့မှာမျက်လုံးရှိတယ်နော်"
"ဟင်!"
"ဟို…ဆရာ့မှာမျက်လုံးအပြာလေးရှိတယ်လို့ပြောတာပါ"
သူမပြောလိုက်သည့်ကြောင်တောင်တောင်စကားအားပြန်လာ်သတိထားမိကာပြန်ပြင်ပြောလိုက်တော့ဆရာကပြုံးသည်။ဆရာမှာပါးချိုင့်လှလှလေးတွေရှိနေသည်ပဲလှရက်လေခြင်း။
"ဆရာကအိုမီဂါလားဟင်"
"အွန်းဟုတ်တယ်"
"ရာရာက အယ်လ်ဖာ…"
"ဪ..."
"အာ ဆောရီးဆရာ ရာရာအဲ့လိုသဘောနဲ့ပြောတာမဟုတ်ဘူး"
ဆရာတစ်မျိုးထင်သွားမှစိုးရိမ်သည့်အတွက်သူမစကားကိုအလောတကြီးပြင်ပြောလိုက်ရသည်။
"ဆရာနားလည်ပါတယ်ရာရာကပွင့်လင်းတဲ့ကောင်မလေးဘဲ"
"ဟီးဟီးဟုတ်ကဲ့ဆရာ"
လေထုကပြန်လည်စိုပြေလာပြီးဆရာနှင့်အလာဘသလာဘပြောရင်းရင်းနှီးမှုတွေလည်းရလာခဲ့သည်။
*ဝုန်း*
ဆရာနှင့်သူမစကားပြောနေစဉ်ကန်တင်းအရှေ့မှအသံတစ်ခုအားကြားလိုက်ရတာကြောင့်ဆရာ့အားသူမအနောက်သို့ပို့ကာ သူမ၏ကိုယ်လုံးကြီးဖြင့်ကွယ်ထားလိုက်သည်။ကန်တင်းထဲရှိလူများမှာလည်းအော်ကာဟစ်ကာထွက်ပြေးနေကြ၏။သို့ဖြစ်၍ကန်တင်းတွင်သူမနှင့်ဆရာသာကျန်ခဲ့၏။
YOU ARE READING
Melody Of Love (Ongoing)
Fantasyမှည့်နီလေး၏အရာရာတိုင်းအားချစ်ခင်မြတ်နိုးတွယ်တာရပါ၏။