part 5

26 2 0
                                    

Uni

"ဆရာ ရာရာကျောင်းသွားဖို့အိမ်ပြန်ပြီးရေချိုးလိုက်ဦးမယ်နော်ပြီးရက်ဆရာ့ကိုဝင်ခေါ်မယ်"

"ရတယ်ဝင်မခေါ်နဲ့တော့ဆရာကိုယ့်ဖာသာသွားလိုက်မယ်"

"မရပါဘူးနော်ရာရာလာခေါ်မှာပဲ"

သူမပြောကာဆရာ့စကားပြန်ကိုပင်မစောင့်တော့ပဲအိမ်သို့သာတန်းပြန်လိုက်သည်။သူမအိမ်ရောက်တော့ရာစုဧကရာဇ်ကရောက်နေပြန်သည်။ဒီလူတကယ်အားယားနေတာပင်သူမလည်းဂရုမစိုက်ပဲအခန်းထဲဝင်မည်အပြုသူမအားခေါ်လာသည်။

"ရာရာ"

"......"

"ညက မင်းဘယ်ရောက်နေတာလဲ"

"ဘာလို့မေးတာလဲ"

သူမမီးဖိုဆောင်ဘက်သို့လှည့်၍ရေခဲသေတ္တာထဲမှရေထုတ်သောက်ရင်းအမေးကိုအမေးဖြင့်ပြန်တုန့်ပြန်လိုက်သည်။သူဘယ်လိုထင်ထင်သူမဂရုမစိုက်ပါဂရုစိုက်ဖို့လည်းလိုအပ်မည်မထင်။

"ရာရာ ကိုကိုအတည်မေးနေတာနော် ည က မင်း ဘယ် ရောက် နေ တာ လဲ"

"အဟင်း"

တစ်လုံးချင်းပီသစွာပြောလာတာကြောင့်သူမလန့်ကာထုတ်ပြောလာမည်ဟုထင်နေပုံရသည်။သူမမဲ့ပြုံးပြုံးကာနေရာမှထွက်သွားလိုက်သည်။

"ရာရာ!"

အနောက်မှခေါ်သံအားသူမဂရုမစိုက်ပဲအခန်းထဲသို့ဝင်ကာတံခါးလော့ခ်ချ၍ရေချိုးလိုက်သည်။ရေပန်းကိုဖွင့်၍ရေချိုးနေစဉ်အခန်းတံခါးကိုတဝုန်းဝုန်းထုနေသံကြားရသည်။ရာစုဧကရာဇ်ဟုပဲထင်တာမို့သူမသိပ်အရေးမထားတော့ရေချိုးခြင်းအမှုသာပြီးအောင်လုပ်နေလိုက်သည်။သူမရေချိုးပြီးအပြင်ထွက်လာတော့တံခါးခေါက်သံမကြားရတော့ထို့ကြောင့်သူမအဝတ်ဝတ်ရန်ဗီရိုကိုဖွင့်ကာကြည့်လိုက်တော့နူးညံ့သည့်အသွက်ဆောင်သည့်အဝတ်အစားတွေကရှိနေဆဲသူထိုအဝတ်အစားများကိုအပြင်ထုတ်ကာကုတင်ပေါ်တင်ထားလိုက်ပြီးနောက်ဗီရိုထဲမှ ရက်ခံအနက်ရောင်နှင့်အဖြူရောင် topတစ်ထည်ကိုဝတ်ကာအဖြူရောင် style pantကိုဝတ်ဆင်ကာဆိုင်ကယ်သော့ယူ၍အပြင်ထွက်လာလိုက်သည်။

Melody Of Love (Ongoing)Where stories live. Discover now