Part 3

30 4 0
                                    

Uni

"မိုးချုပ်နေပြီဆိုတော့ဆရာပြန်တော့မယ်နော်"

"မပြန်နဲ့ဦးလားဆရာ ဆရာ့အခြေအနေက…"

"ဆရာကရပါတယ်"

"ဒါပေမယ့်…"

ဖြစ်နိုင်လျှင်ဆရာ့ကိုသူမ မ‌ပြန်စေချင်သေးပါ။အချိန်မရွေး Heat ပြန်ဝင်နိုင်သည်။

"ရာရာ"

"ဟုတ်ကဲ့ပါဒါဆိုလဲရာရာ့ကိုလိုက်ပို့ခွင့်တော့ပေး"

သူမထိုသို့တောင်းဆိုစကားပြုလိုက်တော့ဆရာကခေါင်းညှိတ်ပြလေသည်။သူမဆရာ့အားတွဲထူကာ ကားရှိရာဆီသို့သွားလိုက်သည်။ဆရာ့ကို lover seat တံခါးဖွင့်‌ပေးကာဆရာဝင်ပြီးနောက်သူမလည်းတစ်ဖက်မှ Driver seat တွင်ဝင်ထိုင်ပြီးခါးပတ်ပတ်လိုက်သည်။

သူမ‌ကားကိုမောင်းထွက်မည်အပြုတွင်ဆရာ့ဘက်သို့လှည့်ကြည့်သည့်အခါ ခါးပတ်မပတ်ရသေးသည်ကိုတွေ့လိုက်ရသည်။ထို့ကြောင့်သူမဆရာ့အားခါးပတ်ပတ်ပေးရန်ဆရာအားကျော်၍ခါးပတ်အားဆွဲယူလိုက်တော့ဆရာကသူမအားအူကြောင်ကြောင်လေးကြည့်လာသည်။ဆရာ့၏ထိုအမူအရာလေးအားကြည့်ကာသူမရင်ဘတ်ထဲကအကောင်ကအတိုင်းအဆမရှိခုန်လှုပ်လာသည်။သူမလန့်သွားကာခါးပတ်ကိုအမြန်ပတ်ပေးပြီးကားကိုမောင်းထွက်လိုက်သည်။လမ်းတစ်လျှောက်လုံးလည်းဆရာ့ကိုစကားလှည့်မပြောဖြစ်ရင်ဘတ်ထဲကအကောင်ကိုအပြင်ခုန်ထွက်မသွားအောင်သာသတိပြုနေမိသည်။

"မခုန်ပါနဲ့တော့နှလုံးသားလေးရယ်"

"ဟင်"

"ဘာမှမဟုတ်ပါဘူးဆရာ"

သူမရင်အခုန်လွန်သွားကာစိတ်ထဲကစကားတွေကိုအပြင်သို့ထုတ်ပြောမိသည်အထိ။ထိုမထိုသို့ပြောမိသည်ကိုဆရာကကြားသွားသည်ထင် အမေးပြုလာသဖြင့်သူမရောချလိုက်ရသည်။

"အွန်းပါ ဒါနဲ့ ရာရာ"

"ရှင်"

"ဘယ်ကိုမောင်းနေတာလဲ"

"ဆရာ့အိမ်ကိုလေ"

"ဆရာ့အိမ်ကဟိုဘက်မှာလေရာရာရယ်"

"ရှင်!"

ဆရာ၏အပြုအမူလေးကြောင့်သူမဆရာ့အိမ်သို့သွားရမည့်လမ်းကိုမမေးမိခြင်းဖြစ်သည်။

Melody Of Love (Ongoing)Место, где живут истории. Откройте их для себя