Part 6

28 2 0
                                    

Uni

"ကိုယ်ပြန်တော့မယ်"

"မပြန်ပါနဲ့ဦးနောက်အတန်းချိန်ရောက်ဖို့လိုသေးတာကို"

မုန်းမဟူရာပြန်မည်ဟုပြောသည်ကိုသာလွန်သူကတားလာသည်။သူပြောတာလည်းမှန်ပေမယ့်မုန်းမဟူရာမှာဆရာ့ကိုတွေ့ချင်နေပြီဖြစ်သည်။

"မရဘူး သူငယ်ချင်းနဲ့ချိန်းထားလို့ ကိုယ်ကချိန်းပြီးနောက်ကျရင်မကောင်းဘူးလေ"

သူမလိမ်ပြောလိုက်သည်သူမ မလိမ်လို့လည်းမရ ဆရာ့ကိုလွမ်းလို့သွားတွေ့မလို့ပါလို့ပြောလိုက်ရင်ဆရာသိက္ခာကျလိမ့်မည်။

"ဪအွန်းပါဒါဆိုသွားလေကျွန်တော်တော့ခဏနေဦးမယ်"

"အင်းဒါဆိုသွားခွင့်ပြုပါဦး"

သာလွန်သူကခေါင်းညိတ်ပြလာသည့်အခါသူမအမြန်ပင်ထွက်လာလိုက်သည်။ဆရာ့ကိုအခုမှမတွေ့ရလျှင်ရူးတော့မလိုပင်။သူမတစ်လမ်းလုံးဆရာ့ကိုတွေ့ရတော့မည်ဟူသည့်အသိဖြင့်အူမြူးနေလေတော့သည်။

သူမဆရာ့အားတခြားအတန်းများမှမတွေ့ရသဖြင့်နားနေခန်းသို့တန်းသွားလိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကသူမရင်ဝကိုဆောင့်ကန်ခံလိုက်ရသလိုပင်ဆရာ့လက်ကိုတယုတယကိုင်ကာရယ်မောနေကြသောလူနှစ်ဦးမှာပျော်ရွှင်နေကြပုံပင်သူမထိုမြင်ကွင်းအားဆက်မကြည့်နိုင်တော့ပါသို့သော်သူမရပ်၍ပင်ကြည့်နေမိသည်။သူမရင်တွေအဆမတန်ပူလောင်လာခဲ့သည်။လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍အံကိုတင်းအောင်ကြိတ်ကာ‌နေရာမှပြေးထွက်သွား‌လိုက်တော့သည်။

သူမ ပင်ပန်းသည်။ သူမနှလုံးအိမ်ကို ဖျစ်ညစ်ခံထားရသလိုနာကျင်သည်။ဖြစ်နိုင်ရင်သူမဒီကိစ္စတွေအကုန်လုံးကိုမေ့ပစ်လိုက်ချင်သည်။သူမကားကိုအရှိန်ကုန်တင်၍မောင်းထွက်သွားလိုက်သည်။သူမခေါင်းထဲမှာအတွေးတစ်ခုပဲရှိသည်။ထိုအတွေးကဆရာကယောက်ျားလေးတွေကိုပဲသဘောကျသည်ဟူသည့်အသိကပင်သူမအတွေးယာဉ်ကြောကိုလွှမ်းမိုးထားသည်။

သူမမျက်ရည်တို့အဖြိုင်ဖြိုင်ကျလာရသည်။ပထမဘဝကသူမချစ်ရသူရဲ့သစ္စာဖောက်ခြင်းကိုခံခဲ့ရပြီးအခုဘဝလည်းထပ်ပြီးထိုကဲ့သို့သောကံကြမ္မာများထပ်မံရင်ဆိုင်ရလိမ်ါမည်ဟုသူမ မထင်ခဲ့ရိုးအမှန်ပါ။သူမ မျက်ရည်တို့စီးကျလာကာ‌မိမိအရှေ့မှမြင်ကွင်းကိုပင်မမြင်ရတော့ပေ။သို့သော်သူမထိုအရာထက်စိတ်ဆင်းရဲမှုတွေသာကြီးစိုးနေသည်။သူမဘယ်ဘက်ရင်အုံကိုဖိထားကာခံစားချက်တို့ရှုပ်ထွေး‌နေရသည်။ထိုစဉ်သူမအရှေ့တည့်တည့်မှလာသောကားမှာသူမ၏ကားအားအညှာအတာမရှိတိုက်၍ထွက်သွားလေသည်။သူမနှဖူးမှသွေးတို့စီးကျလာကာနှလုံးခုန်သံတို့လည်းတဖြည်းဖြည်းနှေးလာသည်ကိုသူမခံစားနေမိသည်။မှန်ကွဲစတို့ကလည်းခန္ဓာကိုယ်၏နေရာအနှံ့မှာစိုက်ဝင်နေကာနာကျင်မှုတို့မှာပြောမပြတတ်အောင်ပင်သို့သော်ထိုနာကျင်မှုတို့ကသူမနှလုံးသားထဲမှနာကျင်နေမှုကိုလိုက်တုလို့မှီနိုင်မည်မထင် သူမဘာမှဆက်မတွေးနိုင်တော့သူမမျက်ဝန်းအိမ်မှမျက်ရည်တို့စီးကျလာကာသူမမြင်ကွင်းမှာလည်းအမှောင်အတိဖုံးလွှမ်းသွားလေတော့သည်။

Melody Of Love (Ongoing)Where stories live. Discover now