🤍ကျန်းဟာအို
အဖေ တရုတ်လူမျိုး အမေ က ကိုရီးယားလူမျိုး
တရုတ်နဲ့ ကိုရီးယားရောပြီး မွေးထားတာကြောင့် အသားဖြူပြီး အမေနဲ့ အဖေဆီက အကောင်းဆုံးဆိုတာတွေပဲ ရထားတာကြောင့် သာမာန်ထက် ပိုတဲ့ ရူပကာ ရှိပြီး မြင်သူတိုင်း နှစ်ခါ ပြန်ကြည့်ချင်လောက်အောင် ချောသူ
ငယ်ငယ်က တရုတ်ပြည်မှာ နေခဲ့ပြီး အလယ်တန်းမှ မိဘတွေ စီးပွါးရေးအရ ကိုရီးယားကို ပြောင်းလာတာကြောင့် တရုတ်စကားကို လည်း ကျွမ်းကျင်စွာ ပြောတတ်တယ်
စာကလွဲရင် ဘာမှ မသိ ငယ်ငယ်ထဲက စာကြိုးစားတဲ့ စာကြမ်းပိုးလေး
ဒီနေ့ တော့ ဟာအိုတက္ကသိုလ်စတက်ရမဲ့ရက်
ငယ်ငယ်ထဲက ပါးပါး နဲ့ မားမားတို့ကဆရာဝန်ဖြစ်စေချင်သလိုသူကိုယ်တိုင်ကလည်း ဝါသနာပါလို့ တချိန်လုံး စာပဲကြိုးစားခဲ့တာကြောင့်ခု ဆေးကျောင်းကိုအဆင့် ၁ ( Roll 1 ) ပါရရှိပြီး ဝင်ခွင့်ရခဲ့တယ်
ခန္ဓာကိုယ်ပေါ် duty coat အဖြူလေး ဝတ်ရတဲ့ ဘဝကို ဟာအို အရမ်းမျှော်လင့်ထားတာ
ငယ်ငယ်ထဲက ဖြစ်ချင်တဲ့ အိမ်မက်တွေ ဖြစ်လာတော့မှာမို့ အရမ်းပျော်ပြီး တက်ကြွနေတယ်
ငယ်ငယ်ထဲကလူကြောက်ပြီး တယောက်ထဲ နေတတ်တဲ့ ဟာအိုလေးကို ပါပါးနဲ့ မာမားကသူငယ်ချင်း အသစ်တွေနဲ့ တွေ့ရအောင် ခုတက္ကသိုလ် စတက်ချိန်မှာ ကျောင်းလိုက်မပို့ဘဲ ferry ကိုသာစီးစေတယ်
ဒီနေ့ ကျောင်းစသွားရတော့မယ်
ညထဲက စိတ်တွေ လှုပ်ရှားပြီး ကောင်းကောင်း အိပ်မပျော်
အခု ဟာအို အိမ်ရှေ့လမ်းထိပ်ထိ လာကြိုမဲ့ ferry လေးကို စောင့်နေတယ်
shirt အဖြူလေးကို လေးကို style pant ကာကီရောင်လေးနဲ့ သပ်ရပ်စွာ ဝတ်ထားပြီး အပေါ်က vest အမဲလေး ထပ်ဝတ်ကာ leather ကျောပိုးအိတ်လေး လွယ်ထားတယ်
ပါးဖောင်းဖာင်း ဆံပင် အုပ်အုပ်လေးနဲ့ မျက်မှန် ဝိုင်းလေးတပ်ထားတဲ့ ဟာအိုက ဆေးကျောင်းသားနဲ့ မတူဘဲ အထက်တန်းကျောင်းသားနဲ့ ပိုတူနေတယ်🖤 ဆောင်းဟန်ဘင်း
Broken family မှ ဆင်းသက်လာသူဖြစ်ပြီး
ငယ်ငယ်တုန်းကစာတော် လိမ္မာပေမဲ့ သူအထက်တန်းမှာ အတူနေတဲ့မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုသွားတာကြောင့် လောကကြီးကို အရွဲ့တိုက်ကာ ဖြစ်ချင်သလို ဖြတ်သန်းနေတယ်
စာတော်တဲ့ အခံလေးရှိတာအပြင် ပထွေး လုပ်သူနဲ့ အတူပါလာသော သူနဲ့ ရွယ်တူ သားဆိုသူကြောင့် မခံချင်စိတ် နဲ့ စာကြိုးစားခဲ့လို့ အထက်တန်းကို ကောင်းကောင်း အောင်ခဲ့ပြီး ဆေးကျောင်းဝင်လို့ရခဲ့တယ်
ဒါတောင်သူက ဆေးကျောင်း မတက်ဘဲ နိုင်ငံခြားသွားမယ်ဆိုတာကို အမေလုပ်သူက တက္ကသိုလ် ဒီမှာ တက်ပြီး ဆရာဝန်ဘွဲ့ရမှ သွားရမယ်ဆိုလို့ ဆေးကျောင်းကို မတက်ချင် တက်ချင်နဲ့ တက်ရတယ်
သူမတတ်ချင်တဲ့ အကြောင်းက ပထွေး လုပ်သူရဲ့သားကလည်း ဆေးကျောင်းတက်မှာမို့ပင်
ခုချိန်သူ့မှာ အလုပ်အကိုင်ငွေကြေး ဘာမှ မရှိသေးတာကြောင့် အမေ့အမိန့်ကို လွန်ဆန်လို့ မရသေး
တနေ့သူ တတ်နိုင်တဲ့ နေ့ရောက်လာရင်တော့ အားလုံးကို ထားပြီး ထွက်သွားမယ် စဉ်းစားထားတယ်
ဒီနေ့ သူကျောင်းစတက်ရမဲ့နေ့
စိတ်မပါတပါဘဲ shirt အဖြူလက်ရှည်ကို style
pant အမဲနဲ့ ကပိုကရို ဝတ်ပြီး ဘေးလွယ်အိတ်ကို တစောင်းလွယ်ကာ ထွက်လာလိုက်တယ်
ဖရိုဖရဲ ဝတ်ထားတာတောင် နဂို ပင်ကိုယ်ချောတာကြောင့် အရောင်အဝါ တခုက တောက်ပနေတယ်
ဖြူလွန်းတဲ့ အသားအရေနဲ့ မဲမှောင်နေတဲ့ ဆံပင်ထူထူလေးတွေ ခြေတံရှည်ရှည်တွေ ကဘုရားပေးထားတဲ့ ဆုလာဘ်တွေ
နောက်တခု သူ့ရဲ့ ချစ်စရာကောင်းတဲ့ ရီလိုက်ရင်ပေါ်လာတဲ့ ပါးပေါ်က အရစ်လေးတွေ
အဲ့ဒါလေးတွေကတော့ ပျောက်ကွယ်နေတာကြာပေါ့
အလိုမကျမှုတွေ နဲ့ အေးစက်စက် မျက်လုံးတွေက ဟန်ဘင်းဆီမှာ နေရာ ယူထားတာ အချိန်တခု ရှိနေခဲ့ပြီ
အိမ်က လိုက်ပို့မယ်ပြောထားတာတောင် ဟိုတယောက်နဲ့ တူတူသွားရမှာ အာရုံမနောက်ချင်လို့ ကျောင်း ferry ပဲစီးမယ် လုပ်ထားတယ်
လွယ်အိတ်ထဲက vape လေးကို ထုတ်ကာ အလို မကျမှုတွေကို အငွေ့အဖြစ်ပြောင်းကာမလာသေးတဲ့ ferry ကားကို စောင့်နေလိုက်တယ်ဆက်ရန် 🎈🎈🎈
💌🌱🌱🌱 intro လေးပါ
ဆေးကျောင်းသားလေး နှစ်ယောက် ဇာတ်လမ်းလေးနဲ့ လာခဲ့ပါမယ်နော် ☺️
YOU ARE READING
Crush ❤️🩹
FanfictionBinHao FanFic written in Burmese Based on Medical student life 🌱 By Zerocola JieJie🌷