Part 4

205 27 2
                                    

ဘာလိုလိုနဲ့ တတိယနှစ်ရဲ့ နောက်ဆုံးစာမေးပွဲကြီးရောက်လာခဲ့တယ်
စာတွေများတာကော စာမေးပွဲရက်ကြာတာကော လက်တွေ့ စမ်းသပ်ရမှာတွေပါ ပါလာတော့ ဟာအိုကော ဟန်ဘင်းကော အခန်းတွင်းအောင်းကာ စာကျက်ရတယ်

မနက်ပိုင်း သူတို့ အဆောင်ကို ဂယူဘင်းရယ် မက်သရူး ရယ် ထယ်ရယ် ရယ်ကလာပြီး စာတူတူ ကျက်ကြတော့ နှစ်ဖက် သူငယ်ချင်း အချင်းချင်းပါရင်းနှီးနေကြတယ်

မနက်ပိုင်း စာစုကျက်ပြီး နေ့လည်ပိုင်းလောက် မုန့်တူတူစားကြ ပြီးရင် ကျန်တဲ့သူတွေက ပြန်ကြတယ် ဟာအိုတို့ကတော့ ညနေပိုင်းတရေးတမောအိပ်ကြပြီး ညဦးပိုင်း ပြန်ထကာ ညလုံးပေါက် စာကျက်ကြတယ်
ညနေစောင်း တရေးအိပ်ပြီး နိုးလာရင် ဟာအိုက စာကျက်ရင် fresh ဖြစ်အောင်လို့ဆိုကာ ရေချိုး တော့တယ်
ပြီးရင် ညဝတ်နေကျ T shirt အဖြူလေး နဲ့ ဘောင်းဘီ ကာကီရောင်အတိုလေးဝတ်ကာ အရှေ့မှာ ဝဲဝဲလေးကျနေတဲ့ ဆံပင်လေးတွေကို ကလစ်လေးတွေနဲ့ထိုးထားတတ်တယ်
မွှေးနေရင် စိတ်ကြည်အောင်ဆိုကာ နို့နံ့သင်းနေတဲ့ lotion မွှေးမွှေး လေးက လိမ်းလိုက်သေးတယ်
ဟန်ဘင်းကတော့ ဟာအို လုပ်သမျှသာ တစိမ့်စိမ့် ထိုင်ကြည့်ရင်း သဘောတွေကျနေရော
ဟန်ဘင်းကတော့ ပေါ့ပေါ့ပါးပါး စွပ်ကျယ် အမဲလေးနဲ့ ဘောင်းဘီ အမဲတိုလေးပဲ အမြဲ ဝတ်တတ်တယ်

ဟာအိုတယောက် ပြီးရင်တော့ စားပွဲပေါ် အကျအန ထိုင်ကာ စာစကျက်ပါလေတော့တယ်
စာမကျက်ခင် ခဲတံပေတံ highlighter စတဲ့ စာရေး ကိရိယာလေးတွေကို စားပွဲပေါ် အကျအန စီလိုက်သေးတယ်
စာကျက်ရင်း တခုခု မသိတာရှိရင် မျက်မှောင်လေးကျုံ့ကာ စဉ်းစားလိုက် သိသွားရင် ပျော်သွားလိုက်နဲ့ တခါတခါ အော်ကျက်သလို တခါခါ စိတ်ထဲကနေ ပွစိပွစိ ရွတ်နေသေးတယ်

ပြီးရင် "ဟန်ဘင်းသိလား ဒါအရေးကြီးတယ် "ဆိုပြီးစာကလည်း လှမ်းလှမ်းရှင်းပြသေးတာ
ည ၈ နာရီလောက်ကစကျက်ပြီး ၁၂ လောက်ဆို သူငိုက်လာသလို ဖြစ်လာတယ်
အဲ့လိုဆို head phone ကြီးတပ် ခေါင်းတလှုပ်လှုပ်နဲ့ သီချင်းနားထောင်ပြီး လမ်းလျှောက်ကာ
အိပ်ငိုက်ပြေအောင် လုပ်တယ်
၂ နာရီလောက်ဆိုရင်တော့ စားပွဲပေါ် ပါးလေး စောင်းပြီး အိပ်ပျော်သွားပါလေရော

You've reached the end of published parts.

⏰ Last updated: Feb 10 ⏰

Add this story to your Library to get notified about new parts!

Crush ❤️‍🩹Where stories live. Discover now