Part 3

161 25 1
                                    

ခါတိုင်းလိုပင် မနက်တိုင်း စာကျက်နေကျ ကျောင်းအပေါ်ဆုံးထပ်ရဲ့ library မှာဟာအိုနဲ့ ဟန်ဘင်း တူတူ ထိုင်နေကြတယ်
" ဟန်ဘင်း ဒီနေ့ မျက်နှာမကောင်းပါလား ဘာ
စိတ်ညစ်စရာရှိလို့လည်း"
" ဘာမှမဖြစ်ပါဖူး"
" ပြောပါ ဟန်ဘင်းကလည်း ငါတို့က ခင်တာလည်းကြာပြီ မင်းငါ့ကို မပြောရင် ဘယ်သူ့ကို ပြောမှာလည်း"

" မနေ့က အိမ်ခဏ ပြန်ရင်း ငါ့အမေနဲ့ ပြသနာ ဖြစ်လာလို့ပါ ဟိုကောင် ဂျီအွန်း နဲ့ တည့်အောင်နေဘာညာ ဆိုပြီးနားချနေတယ် စိတ်ကုန်တယ် ခဏလေး ပြန်တာကိုတောင် လာပြီး အာရုံနောက်နေတာ ဒါနဲ့ ဟာအို ငါကျောင်းပြီးတာနဲ့ နိုင်ငံခြား သွားတော့မယ် အဲ့ဒါ မင်းလည်း တူတူလိုက်ခဲ့ပါလား "
" ငါက ..."
" အင်း "

ပြန်မဖြေဘဲ ပြုံးရုံလေး ပြုံးပြတဲ့ ဟာအိုကို ဟန်ဘင်းက ပါးလေး လှမ်းဆွဲလိုက်တယ်
" အားး ဟန်ဘင်း နား နာတယ် ပါးမဆွဲပါနဲ့ဆို "
" အဆွဲ မခံချင်ရင် ချစ်စရာ ကောင်းအောင် မနေနဲ့ ကြားလား ပြီးတော့ ငါမေးတာ ခု ပြန်မဖြေနဲ့ သေချာ စဉ်းစားဦး "

" အင်းပါ အတန်းနောက်ကျနေပြီ သွားကြမယ်"
ပါးလေးနာသွားလို့ အုပ်ကိုင်ကာ နှုတ်ခမ်းလေးစူရင်း သူ့ကို မျက်စောင်းထိုးကာ အတန်းတက်ဖို့ ထသွားတဲ့ ဟာအိုကြောင့် ဟန်ဘင်း အားရပါးရ ရီလိုက်မိတယ်
သူစိတ်ညစ်နေတိုင်း ဟာအို နဲ့ အတူရှိလိုက်ရုံနဲ့တင် သူမသိလိုက်ခင်မှာဘဲ ပြုံးမိအောင် ဟာအိုက လုပ်နိုင်တယ်
တူတူရှိနေရုံနဲ့တင် အားအင်တွေ ဖြစ်စေတဲ့ ဟာအို နဲ့သူ အမြဲ တူတူရှိချင်ပါတယ်
အဖြူရောင်တွေကို အရောင် မဆိုးပဲနဲ့ပေါ့
——

" ဟာအို ဟန်ဘင်း ရန်ဖြစ်နေလို့တဲ့ ဘောလုံးကွင်းနားမှာ"
ထမင်းစားနားနေချိန် သန့်စင်ခန်းကနေ အပြေးလာပြောတဲ့ ထယ်ရယ့်ကြောင့် ဟာအို ဘောလုံးကွင်းဆီ အပြေးသွားမိတယ်

ရောက်တဲ့အချိန်တွေ့လိုက်ရတာက ဟန်ဘင်းနဲ့ အပေါ်အတန်းက ကျောင်းသားတယောက် နှစ်ယောက်သား တယောက်တလှည့်စီထိုးရင်း ဟန်ဘင်းက အပေါ်ရောက်သွားပြီး
" ထပ်ပြောဦးကွာ ခွပ်"
" ဟန်ဘင်း တော်တော့ လက်လွန်မယ် "

Crush ❤️‍🩹Where stories live. Discover now