Part 2

203 24 6
                                    

အရှေ့က ဆရာမ စာသင်တာ ကြည့်ရင်း ဟာအို မျက်လုံးတွေ ဝါးလာတယ်
စူးရှရှ အောင့်သက်သက် အနံ့တွေကြောင့်ရင်ထဲ ပျို့တက်လာကာ ချွေးစေးလေးတွေပင် စို့လာတယ်
အခုသူတို့ ခန္ဓာဗေဒ ဆိုတဲ့ ဘာသာကို လက်တွေ့ သင်နေရတာဖြစ်တယ်
အလယ်မှာ ဖော်မလင် စိမ်ထားတဲ့ ရုပ်အလောင်းကို တင်ထားပြီး အုပ််စု အဖွဲ့လိုက် ဝိုင်းဖွဲ့ကာ စုထား၍ ဆရာမ မှ အတွင်း ကလီစာ များ အကြောင်းရှင်းပြနေတာ ဖြစ်တယ်
စာတော်ပြီး စပ်စုတတ်တဲ့ ဟာအိုကတော့ အစက မကြောက်တတ်ဖူး ဆိုကာ အရှေ့ဆုံးထိ တိုးသွားပြီး တဖြေးဖြေး ကြည့်ရင်း အနံ့စူးစူးကြောင့်ရော ကြောက်စိတ်ပါရောကာ နှုတ်ခမ်းလေးမဲ့ပြီး အနောက်ကို ပြန်ဆုတ်လာတယ်
အနောက်ရောက်မှ မျက်လုံးလေးမှိတ်ကာလေကို တဝကြီး ရှူပြီး မျက်လုံးပြန်အဖွင့်
သူ့ကို မျက်မှောင်ကျုံ့ကာကြည့်နေတဲ့ မျက်လုံးတစ်စုံ
" ဟန်ဘင်းနား "
နှုတ်ခမ်းလေး ထော်ကာ အားကိုးတကြီး ခေါ်လိုက်တယ်

" ဘယ်လိုဖြစ်တာတုန်း hyper ရဲ့ ပြောတော့ မကြောက်ဖူးဆို အရှေ့ဆုံးကို တန်းရောက်သွားပြီးကြည့်နေပြီး "

"မကြောက်ဖူးထင်တာပဲ ဒါမဲ့ အနံ့စူးစူးကြီးရယ် ဟို ဟို မျက်လုံးကို သေချာ သွားကြည့်လိုက်မိတော့ ကြောက်မိသွားလို့
ဟန်ဘင်း ငါတော့ သွားပြီထင်ပါတယ် Anatomy တော့ ကျတော့မှာပဲ ဆရာမရှင်းပြတာတွေလည်း နားမထောင်နိုင်ဖူး နောက်ရက်တွေ ဘယ်လိုလုပ်ရပါ့မလည်း "  ပြောရင်း ငိုမဲ့မဲ့လေး ဖြစ်လာတဲ့ ဟာအိုကို ဟန်ဘင်း ရီလည်းရီချင် သနားလည်းသနား သွားပြီး ခေါင်းလေးပွတ်ပေးကာ " ကဲ စိတ်မကောင်း မဖြစ်နဲ့ နောက်နေ့ မနက်စောစော တူတူလာကြည့်ပြီး ကျက်ကြမယ်လေ ခုက လူအုံနေတာကြောင့်လည်း ပါမှာပါ မင်းနားမထောင်နိုင်ရင် နောက်ရက် ငါအရှေ့သွားပြီး သေချာနားထောင်ပြီး ပြန်ရှင်းပြမယ်နော် စိတ်မပူနဲ့ "

" အင်း ကြောက်တယ် ပြီးတော့လေ
ဟို တကယ့် အရိုးတွေလည်း ဆရာမက ဝယ်ခိုင်းနေတယ် ortho practical အဲ့ဒါနဲ့ ဖြေရမှာတဲ့ အဲ့ဒါ ဟန်ဘင်းကော ဝယ်မှာလား "
" အဲ့ဒါနဲ့ ကျက်ရမှာဆိုတော့ ဝယ်ရမှာပေါ့"

" ငါ ငါတော့ မဝယ်ရဲဖူး အိမ်ကအခန်းထဲမှာ အဲ့ဒါကြီး ထားပြီး တယောက်ထဲလည်း မနေရဲဖူး ဟန်ဘင်း ဝယ်ပြီး ငါတို့ တူတူ ကျက်ကြမယ်လေ"
"ရလား"
"ရတာပေါ့ ကျောင်းကို စောစောလာပြီး library မှာကျက်ကြမယ်"

Crush ❤️‍🩹Where stories live. Discover now