ကျောင်းပိတ်ရက် ကျွန်မ အိမ်ခဏ ပြန်ဖြစ်မယ်လို့ ပြောတော့ ဟိုအဆိုးလေးက ပြုံးနေတာများ ပါးစပ် နားရွက် တပ်ချိတ်တော့မလို ဖြစ်နေသည်။ ကျွန်မလည်း နည်းနည်းလောက်ညစ်ချင်တာနဲ့ တွက်စာတချို့နဲ့ ကျက်စာ တချို့ ပေးခဲ့သည်။
Yes... နောက်ဆုံးတော့ ငါလွတ်လပ်တော့မယ်ကွ တွေးနေတုန်း အိမ်စာတွေလာပေးသည်။ ဘယ်လိုပဲဖြစ်ဖြစ်လေ သူမ မရှိရင်ကို အသက်ရှုချောင်ရပါသည်။
"တီချယ်ပြန်မယ် တပတ်လောက်ပဲနေမှာမို့ စာတွေရအောင်လုပ်ထားပါ။ ပြန်လာလို့ မရရင်တော့"
"ဟင်းဟင်း"
"ဟုတ်ကဲ့"
သူထွက်သွားတာနဲ့အရင်ဆုံး အိမ်စာတွေ တွက်လိုက်တယ်။နောက်နေ့ စာတွေကျက်ထားလိုက်တယ် သူပြန်လာခံနီးမှ တခါပြန်နွေးမယ်ဆိုပြီး plan ချထားလိုက်သည်။
"ငယ်လေး... အရမ်းပျော်မနေနဲ့ဦး ဒီကြားထဲ ခိုင်းတာမလုပ်ကူရင် တိုင်မှာနော်"
"မေမေ! အားနည်းချက်တစ်ခုကိုပဲ ထပ်ခါထပ်ခါသုံးနေတော့မှာလား"
"မဟုတ်ပါဘူး သူမရှိတုန်း မဟုတ်တာ ထပ်လုပ်ရင်ပြောတာ"
"စိတ်ချထားလိုက်"
ငယ်လေးက အခုတလော လိမ္မာလာပါသည်။ လပတ်စာမေးပွဲတွေမှာလည်း အမှတ်တွေကောင်းလာတာကို ကျွန်မလည်း သတိထားမိသည်။တခါတလေ မျက်နှာလေးညိုးနေတတ်ပေမယ့် အတန်းကြီးလာတော့ ကျွန်မလည်း မသိသလိုဟန်ဆောင်နေရသည်။
-----
"သမီး...ဘယ်လိုလဲ ဟိုမှာနေရတာ အဆင်ပြေရဲ့လား"
"ပြေပါတယ် ဖေဖေ အားလုံးမိသားစုလိုပဲ ဆက်ဆံပေးကြတယ်"
"အေးကွဲ့ ဘာလိုသေးလဲ ဖေဖေဘာလုပ်ပေးရမလဲ"
"မလိုတော့ဘူးဖေဖေ သမီးဝါသနာပါရာ လုပ်နေရတော့ ပျော်ပါတယ် အားလုံးပြည့်စုံတယ်လို့ ခံစားရတယ်"
"မေမေ့သမီးလေး မျက်နှာမှာ အပြုံးတွေဝေနေဖို့ကအဓိက"
"ဟုတ်ကဲ့ မေမေ"
"ဘယ်လောက်နေမှာလဲ ဒီမှာ"
"တပတ်ပဲမေမေ ဟိုက သမီးအငယ်ဆုံးလေးကို စာသင်ပေးနေလို့"
YOU ARE READING
မြတ်နိုးမိပါသော...ကြင်နာရာ နာကျင်ရာ
Short Storyတီချယ်သာ ဆုံးမမယ်ဆို လိမ္မာမယ့် ကလေးတစ်ယောက်မို့ ငယ်ကို ပစ်မသွားပါနဲ့နော်.... အဆိုးလေးကိုမို့ပေးမိတဲ့ အချစ်တွေကြောင့် တို့ကို အထင်သေးသွားမလားဟင်......