Part-4

1.5K 39 3
                                    

‌ရာသီဥတုပူတာရယ်  အဆိုးလေးက ခဏခဏနေမကောင်းဖြစ်တတ်တာရယ်နဲ့ ကျွန်မ သူ့ကို မရိုက်ဖြစ်အောင်နေသည်။ သူကလည်း ပြောစကားနားထောင်ရှာပါသည်။တခါတလေ ကြောင်ပေါက်လေးလို အနားတိုးပြီး လိုချင်တာ ချွဲနေတတ်သေးသည်။ နောက်လာနောက်ရှင်းလုပ်တတ်လွန်းလို့ စိတ်ရှည်ရှည်နဲ့ ချော့ပြောပေးရတာမျိုးလည်းရှိသည်။
"တီချယ်...အပြင်သွားလည်ရအောင်လေ"

"နေပူတယ်လေ...ညနေမှသွားမယ်"

"ဒါဆို ညနေကျ ရုပ်ရှင်ကြည့်လို့ရမလား"

"အင်း...စဉ်းစားပေးမယ်"

"လုပ်ပါ...တခါလောက် တီချယ်နဲ့ ရုပ်ရှင်တူတူကြည့်ချင်တာ"

"တို့စဉ်းစားပေးမယ်လို့ပြောနေတယ်လေ"

"သွားမယ်လို့မှမပြောသေးတာ"

"ဟုတ်ပြီ ညနေပေးသွားမှာမို့ အခုစာလုပ်လိုက်"
တကယ်တော့ ဒီနေ့ နားရက်ပေးထားပြီးသားပါ။ဂျစ်တိုက်နေလို့ စာလုပ်ခိုင်းလိုက်ခြင်းဖြစ်သည်။ဘယ်လောက်တောင် အပြင်သွား‌ချင်နေမှန်းမသိ စာကို အသည်းအသန်လုပ်ပြနေသည်။
"မေမေ...ငယ်လေးကို မုန့်ဖိုးပေး"

"မတည့်တာတွေ ဝယ်မစားရဘူးနော် မီးငယ်"

"ဟုတ်ကဲ့"
အရိပ်တကြည့်ကြည့်နဲ့ ကြည့်ခံရတာ တခါတလေ ကြည်နူးရသလို စားချင်တာမစားရရင်လည်း စိတ်ညစ်ရပါသည်။
"ငယ်လေး...သွား အနွေးထည်သွားဝတ်"

"တီချယ်ကလည်း ဒီလောက်ပူနေတာကြီးကို"

"Ok မသွားချင်လည်း မင်းသဘောပဲ"
ဒီလိုအခွင့်အရေးမျိုး ပျက်သွားလို့တော့မဖြစ်ပါ မဝတ်ချင်လည်း အင်္ကျီလက်ရှည် သွားထပ်လိုက်ရသည်။
"ရုပ်ရှင်ရုံထဲက air con ကအရမ်းအေးတာ အန်တီရဲ့ ပူလိုက်အေးလိုက်နဲ့ဆို သူပဲဖျားဦးမှာ"

"ဟုတ်ပ အန်တီခဏကပြောနေသေးတယ် သူက ရပါတယ်ဆိုလို့"

"သမီးတော့ အလိုမလိုက်ဘူးအန်တီ နေကောင်းမှ စာတွေလိုက်နိုင်မှာလေ"

"သမီးပဲ ဂရုစိုက်ပေးပါဦးကွယ်"

"ဟုတ်ကဲ့အန်တီ ဟိုမှာ အဆိုးလေး ဆင်းလာပြီ သမီးတို့ ခဏအပြင်သွားဦးမယ်နော် အန်တီ"

မြတ်နိုးမိပါသော...ကြင်နာရာ နာကျင်ရာOnde as histórias ganham vida. Descobre agora