နွေရာသီ ကျောင်းပိတ်ရက်ရောက်တော့ ငယ်လေးနဲ့ တီချယ် ပြသနာတက်ကြသည်။ ငယ်လေးက သူငယ်ချင်းတွေနဲ့ ဘော်ဒါဆောင် သွားနေမယ်ပြောပြီး တီချယ်က သူလည်းဆယ်တန်းအတန်းပိုင်မို့ သူပဲသင်ပေးမယ်ပြောသည်။မေမေတို့ကတော့ ငယ်လေးနေချင်တဲ့နေရာ ထားပေးမယ်ဟုသာပြောသည်။
ကလေးတွေအတွက် ကျောင်းပိတ်ရက်ဆိုပေမယ့် ဆရာမတွေထုံစံအတိုင်း ကျွန်မတို့ ကျောင်းသွားရသည်။စာစစ်လိုက်ရ ဂျူတီစောင့်လိုက်ရနဲ့မို့ အမေတို့ အိမ်လည်း မပြန်ရပါ။ဒါကို အဆိုးလေးက နောက်နှစ်ဘော်ဒါသွားနေမယ်ဟုပြောနေသည်။
"တီချယ်... ငယ်လေးကို ဆယ်တန်းတစ်နှစ်တော့ ငယ်လေးနေချင်တဲ့နေရာမှာ ပေးနေပါလားဟင်"
"မင်းနေချင်တဲ့နေရာသွားနေမယ်ဆို ငါလည်း တိုက်ခန်းပြောင်းနေတော့မယ်"
"အဲ့လိုတော့ မလုပ်နဲ့လေ တော်ကြာ မေမေတို့က ငယ်လေးကြောင့် တီချယ်အိမ်ပေါ်က ဆင်းသွားတယ် ထင်နေမှာပေါ့"
"အာ့တော့ တို့လည်းမတတ်နိုင်ဘူး"
ကျောင်းစပိတ်ကတည်းက တီချယ်နဲ့ ညှိနှိုင်းနေခဲ့ပေမယ့် အခုထိ သဘောတူညီမှုမရသေးပါ။
------
နောက်နေ့တွင်လည်း....
"တီချယ် ငယ်လေး ပိတ်ရက်ရတိုင်း ပြန်လာမယ်လေ"
"တို့မျှော်နေမယ်လို့ မပြောမိပါဘူး"
"ငယ်လေး ဘော်ဒါဆောင် သွားနေမယ်လေ တီချယ်က အိမ်မှာ နေခဲ့မယ် မဟုတ်လားဟင်"
"ငါ့နေထိုင်မှုကို မင်းဘယ်တုန်းက ဆုံးဖြတ်ခွင့်ရသွားတာလဲ"
"မဟုတ်ပါဘူး တီချယ်နဲ့ အတူတူနေချင်လို့ပါ"
"ဒါဆိုလည်း တို့စာသင်ပေးတာ လက်ခံလိုက်ပေါ့"
ငယ်လေးကလည်း လုံးဝအလျော့မပေးနိုင်သလို သူကလည်း လုံးဝလိုက်လျောပေးမည်ပုံမပေါ်ပါ။
"တီချယ်...ငယ်လေးကို နွေရာသီ သုံးလမှာ စာသင်ပေးလေ ငယ်လေးလည်း ကျောင်းဖွင့်မှ အဆောင်သွားမှာဆိုတော့"
"ကောင်းပြီလေ တို့လည်း ကျောင်းဖွင့်မှ တိုက်ခန်းပြောင်းလိုက်မယ်"
YOU ARE READING
မြတ်နိုးမိပါသော...ကြင်နာရာ နာကျင်ရာ
Short Storyတီချယ်သာ ဆုံးမမယ်ဆို လိမ္မာမယ့် ကလေးတစ်ယောက်မို့ ငယ်ကို ပစ်မသွားပါနဲ့နော်.... အဆိုးလေးကိုမို့ပေးမိတဲ့ အချစ်တွေကြောင့် တို့ကို အထင်သေးသွားမလားဟင်......