နောက်အပတ် တနင်္လာနေ့မှ ကျောင်းကိုအတူသွားကြသည်။ အဆောင်က ဆရာမကို ခွင့်မတိုင်ဘဲ ပျောက်သွားလို့ အိမ်ကို ပြောနေမလား တွေးမိပေမယ့် တီချယ်သူငယ်ချင်းဆိုတာ ပြောဖူးတော့ စိတ်အေးရသည်။
"ငယ်လေး... နောက်တစ်ခါ အရိုက်မခံရအောင်နေနော်"
"ဟုတ်ကဲ့"
"သူများရိုက်တာ ခံရရင် ဒီတခါ ၂ဆ"
"ဟုတ်ကဲ့😒"
ကျွန်မကလေးငယ်က ကျူရှင်မှာရော ကျောင်းမှာရော စာရတဲ့အထဲ ပါတော့ ကလေးငယ်ကို သူလိုချင်တဲ့ပန်းတိုင်ထိ ရောက်စေချင်ပါသည်။
အချိန်တွေက တခြားသူတွေအတွက် ပုံမှန်လည်ပတ်နေပေမယ့် ဆယ်တန်းတွေအတွက်တော့ အရှိန်ပြင်းပြင်းနဲ့ ကုန်ဆုံးနေသလိုပါပဲ။ ကျူရှင်တွေလည်း ပိတ်ရက်မရှိတော့သလို ကျောင်းမှာလည်း ဆရာမတွေက စာမေးပွဲအတွက် ပြင်ဆင်ပေးနေတာနဲ့ နားချိန်တွေ မရှိသလောက်ပါပဲ။
ကျွန်မတို့ သူတို့အတွက် စိတ်ပူပြီး အလုပ်ရှုပ်နေရသလို ကလေးတွေလည်း ဖိအားတွေများနေမှာ သေချာပါသည်။
"အန်တီ သမီး ငယ်လေးဆီ သွားတွေ့မလို့ လိုက်ဦးမလား"
"ညနေ သူ့ဖေဖေနဲ့ သွားဖို့ ပြောထားတယ် သမီး"
"ဒါနဲ့ ဒီတစ်ခေါက် ကျောင်းပိတ်ရက် သမီးမေမေတို့ဆီ ပြန်ဖြစ်မှာလား"
"မပြန်ဖြစ်ဘူး အန်တီ ငယ်လေးတို့ ဘော်ဒါမှာ အလုပ်ဝင်ပေးမလို့"
"အို... ကောင်းတာပေါ့ ဒါဆို တို့ကလေးကိုလည်း စိတ်ချရပြီ"
"ဟုတ်ကဲ့ အန်တီ ဒါဆို သမီးသွားတော့မယ်နော်"
"အေအေ...ဂရုစိုက်သွားကွယ်"
ကျွန်မ အသိအစ်မကို အကူအညီတောင်းပြီး အဲ့ဘော်ဒါမှာ စာမေးပွဲပြီးတဲ့အထိ ဆရာမဝင်ချင်တယ်ပြောတော့ အဲ့အစ်မကလည်း ခွင့်ပြုပေးပါသည်။
*မင်းလို ကျောင်းဆရာမ တစ်ယောက် အနားမှာရှိတော့ ပိုကောင်းတာပေါ့*ဟုလည်းပြောသေးသည်။
ဘော်ဒါဆိုပေမယ့် အပြင်က ဆရာမတွေသာ ရှိသည်မို့ တချို့ ကျောင်းကိစ္စတွေမှာ အခက်အခဲရှိကောင်းရှိနိုင်ပါသည်။
YOU ARE READING
မြတ်နိုးမိပါသော...ကြင်နာရာ နာကျင်ရာ
Short Storyတီချယ်သာ ဆုံးမမယ်ဆို လိမ္မာမယ့် ကလေးတစ်ယောက်မို့ ငယ်ကို ပစ်မသွားပါနဲ့နော်.... အဆိုးလေးကိုမို့ပေးမိတဲ့ အချစ်တွေကြောင့် တို့ကို အထင်သေးသွားမလားဟင်......