ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၁)
ယွမ်ကျိုးက ဆိုင်စောစော ဖွင့်လိုက်သည်။ ညနေ ၄နာရီ ၄၀မိနစ်ခန့်သာ ရှိသေး၍ လူအများစု အလုပ်လုပ်နေသော အချိန်ဖြစ်သည်။ ပုံမှန်အားဖြင့် ဤအချိန်တွင် စားသုံးသူ ဖောက်သည် လာလေ့မရှိချေ။
သို့သော်လည်း ယွမ်ကျိုး ဆိုင်တံခါးဖွင့်ဖွင့်ချင်း ၁၀ယောက်ထက် ပိုများသော စားသုံးသူ ဖောက်သည်များက အပြင်ဘက်မှာ အဆင်သင့် စောင့်ဆိုင်းနေသည်။ သူက ငေးတိငေးငိုင် ကြည့်ကာ မေးမြန်းလိုက်သည်။
“ဒီနေ့ အစောကြီး ရောက်နေပါလား။ ဘယ်လို ဖြစ်ရတာလဲ”“မစောပါဘူး။ ၅နာရီထိုးနေပြီလေ။ ခင်ဗျားပဲ နောက်ကျနေတာပါ”
တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်စဉ် လူအများအကြီးက ဆိုင်ထဲ ထိုးကြိတ် ဝင်ရောက်လာသည်။
“စကားလမ်းကြောင်းမလွှဲနဲ့ သူဌေးယွမ်။ ဟင်းလျာအသစ် ထွက်တယ်ဆိုတဲ့ သတင်းက အမှန်ပဲလား”
ဆိုင်သို့ မကြာခဏ လာရောက်လေ့ရှိသည့် ချစ်စရာကောင်းသော ညီမငယ်လေးက မေးမြန်းသည်။“ဟေ့ ထိုင်ခုံနေရာယူထားတဲ့လူတွေက ဟင်းပွဲ မြန်မြန်မှာကြပါနော်။ မင်းတို့နောက်မှာ စောင့်နေတဲ့သူတွေ အများကြီး ရှိသေးတယ်”
ဆိုင်သို့ လာရောက်သော ဧည့်သည်များက ဤတစ်ကြိမ်တွင် ပိုများနေသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်တွင် ထိုင်ခုံ ၈လုံးခန့်သာ ရှိသောကြောင့် စားသုံးသူဖောက်သည် ၇ယောက်က မတ်တတ်ရပ်နေရသည်။ ထို့ကြောင့်လည်း ရုပ်ချောချော လူငယ်လေးက အလျင်စလို သတိပေးခြင်း ဖြစ်သည်။
“ကလေး၊ မင်းဘာသာမင်း နောက်ကျမှ ရောက်လာတာလေ။ အော်ဒါမတင်ခင် ငါ မေးချင်တာကို မေးပါရစေဦး”
ချစ်စဖွယ်ကောင်းသော ကောင်မလေးက ခေါင်းလှည့်ကာ ကောင်လေးကို မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် သူမက ကလူသော အမူအရာဖြင့် ယွမ်ကျိုးကို လှည့်ကြည့်သည်။ မျက်နှာထား ပြောင်းလဲခြင်းက မြန်ဆန်လွန်းပါဘိ။တခြားသော ဖောက်သည်များလည်း အော်ဒါမမှာသေးဘဲ ယွမ်ကျိုး၏အဖြေကို စောင့်ဆိုင်းနေသည်။
“ဟုတ်တယ်။ အဲဒီသတင်းက အမှန်ပဲ။ ဒါပေမဲ့ ဟင်းပွဲအသစ်က မနက်ပိုင်းပဲရောင်းမယ်။ နေ့ခင်းပိုင်း နဲ့ ညနေပိုင်းမှာ မရောင်းဘူး”
ယွမ်ကျိုးက သူ ထိုင်နေကျ နေရာသို့ ပြန်သွားပြီး နှင်းတမျှ ဖြူဖွေးသော ရှေ့ဖုံးခါးစည်းကို တပ်ဆင်ကာ ခေါင်းပင်မဖော်ဘဲ ပြန်ဖြေသည်။
YOU ARE READING
ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)
HumorMale Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင်းဆိုထားတဲ့ ထူးဆန်းတဲ့စတိုးဆိုင်တစ်ခုရှိတယ်။ ဈေးတွေက ဈေးကြီးတယ်။ ဟင်းချို နှင့် ကြက်ဥကြော် ပေါင်းစပ် အစုံ သည် 288 RMB ဖြစ်သည်။ အရံဟင်းလည်း ပ...