ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၆၆)
"သူဌေးယွမ်၊ ရောင်းကုန်သွားပြီဆိုတာ ဘာသဘောလဲ" သူဌေးယွမ်က သူ့ကို အမှန်အကန် မလိုမုန်းထား ဆန့်ကျင်နေသည်ဟု ဝူကျိုး ခံစားမိသည်။ သူ အတွေးလွန်နေခြင်း သက်သက် မဟုတ်ပေ။
“ပြောလိုက်တဲ့ အတိုင်းပဲလေ" ယွမ်ကျိုးက အေးအေးလူလူ ပြန်ပြောသည်။
“သူဌေး၊ ညနေခင်း ဆိုင်ဖွင့်ခါစပဲ ရှိသေးတယ်။ ဘယ်လိုဖြစ်ပြီး ရောင်းကုန်သွားတာလဲ" ကျွမ်းရှင်းမူက စပ်စပ်စုစု မေးမြန်းသည်။
"ဖရဲသီးဖျော်ရည်က တစ်နေ့ခွက် ၁၀၀ပဲ ရောင်းမယ်လို့ ကန့်သတ်ထားတယ်" ယွမ်ကျိုးက အကြောင်းအရင်းကို တန်းပြောသည်။
“အကန့်အသတ်နဲ့လား။ သူဌေးယွမ်က ငါတို့ကို စောစောစီးစီး ပြောသင့်တယ်လေ။ ဒါမှမဟုတ်ရင်လည်း အနည်းဆုံးတော့ အသိပေးစာ ကပ်ထားသင့်တယ်"
ဝူကျိုးက သူ့ကောင်မလေး ဖရဲသီးဖျော်ရည် မသောက်ရတော့မှန်း သဘောပေါက်သွား၍ မကျေမနပ် ရေရွတ်သည်။"အို့ ဟုတ်လား။ ငါ မပြောခဲ့မိဘူးလား" ယွမ်ကျိုးက သံသယဝင်သော လေသံဖြင့် စကားပြောသည်။ သို့သော်လည်း သူက ကြိုတင်အသိပေးခဲ့ဖူးသော အမူအရာဖြင့် ဟန်ဆောင်နေသည်။
“ခင်ဗျား တကယ် မပြောခဲ့ဘူး။ ဒါကြောင့်မို့ သူဌေးယွမ် ဒါက ခင်ဗျားရဲ့ အမှားပဲ။ ကျွန်တော်တို့ကို ပြန်ဖြည့်ဆည်းပေးရမယ်"
ဝူကျိုးက လျင်မြန်စွာ ပြန်ပြောသည်။“ဒီလိုတော့ မလုပ်ပေးနိုင်ဘူး" ယွမ်ကျိုးက ညှာတာမှုကင်းမဲ့စွာဖြင့် ရက်ရက်စက်စက် ငြင်းပယ်ပစ်သည်။
“သူဌေးယွမ်၊ ခင်ဗျားက အခုဆိုရင် အထိုးခံဖို့ ထိုက်တန်နေတယ်ဆိုတာ သိရဲ့လား" မနက်ခင်းတုန်းက အဖြစ်အပျက်ကို ဝူကျိုး ကြားသိထား၍ အားမနာစတမ်း ယွမ်ကျိုး၏အမှားကို ထုတ်ပြောသည်။
"မင်း စမ်းသပ်ကြည့်လိုက်လေ" ထိုစကားကို ပြောလိုက်စဉ် ယွမ်ကျိုးက သူ့ကြွက်သားအဖုအထစ်နှင့် လက်ကို မြှောက်လိုက်ပြီး ချိုသာစွာ ပြောသည်။
ယွမ်ကျိုးက တစ်နေ့လျှင် အကြိမ် တစ်ရာ၊ တစ်သောင်းမကအောင် ဒယ်အိုးကို ကိုင်နေရ၍ လက်ခွန်အား ကောင်းမွန်သည်။ ဝူကျိုးက ကွန်ပြူတာအစီအစဉ်များကို ရေးဆွဲရသူ ဖြစ်ပြီး ယွမ်ကျိုး၏အမြင်တွင် ဝူကျိုးက သူ တစ်ချက်ထိုးရုံဖြင့် လဲကျသွားနိုင်သည်။
"ကိစ္စမရှိဘူး။ နောက်တစ်ခေါက်မှပဲ ဖျော်ရည်သောက်မယ်" ကျွမ်းရှင်းမူက ဝူကျိုးကို အရှက်ရဖွယ်ကောင်းသော အခြေအနေမှ ကယ်တင်ပေးလိုက်သည်။
YOU ARE READING
ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)
HumorMale Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင်းဆိုထားတဲ့ ထူးဆန်းတဲ့စတိုးဆိုင်တစ်ခုရှိတယ်။ ဈေးတွေက ဈေးကြီးတယ်။ ဟင်းချို နှင့် ကြက်ဥကြော် ပေါင်းစပ် အစုံ သည် 288 RMB ဖြစ်သည်။ အရံဟင်းလည်း ပ...