ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၀)
“ဒါဆိုရင် အစုံလိုက်ပွဲအကြောင်း မေ့လိုက်လေ။ ကြက်ဥထမင်းကြော်ပွဲပဲ ပေးပါ" ဝမ်မန် ပြန်ပြောသည်။
ဝိုင်းကြည့်နေသော ဝူဟိုင်းနှင့် တခြားဖောာက်သည်များက ကောင်မလေး ရက်ရက်စက်စက် အငြင်းခံရမည့် မြင်ကွင်းကို မျှော်လင့်တကြီးဖြင့် ပြုံးကာ ကြည့်နေသည်။
ယွမ်ကျိုးက သူမ၏တောင်းဆိုမှုကို ငြင်းပယ်ခါနီး စနစ်က ရုတ်တရက် တုံ့ပြန်လာသည်။
စနစ်"ဒီတောင်းဆိုမှုက စည်းမျဉ်းကို မချိုးဖောက်ပါဘူး"
ယွမ်ကျိုးက ငြင်းပယ်ချင်သော ဆန္ဒကို ချက်ချင်း မျိုသိပ်လိုက်သည်။ သူ့စိတ်ထဲပေါ်နေသော စနစ်၏စာသားများကို သေချာဖတ်လိုက်သည်။
"ကိစ္စမရှိဘူး။ ခဏစောင့်ပေးပါ"
ယွမ်ကျိုးက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး ချက်ပြုတ်ရန် မီးဖိုချောင်ထဲ ဝင်သွားသည်။ဝူဟိုင်းတို့က အဖွဲ့က မယုံကြည်နိုင်စွာ ငေးကြောင် ကြည့်နေသည်။
ဝူဟိုင်းက ထခုန်ကာ မေးမြန်းသည်။
"သူဌေး၊ ဘယ်လိုဖြစ်ရတာလဲ။ ဒီနေ့ ခင်ဗျားက စည်းမျဉ်းကို ချိုးဖောက်ချင်တာလား""အမှန်ပဲ။ ငါတို့တွေက ဒီဆိုင်မှာ အမြဲအားပေးနေတဲ့သူပါ။ ဒါတောင် ငါတို့တောင်းဆိုတာကို တစ်ခါမှ သဘောမတူခဲ့ဘူး။ ဒီကောင်မလေးက တစ်ခါပဲ တောင်းဆိုရတယ်နော်။ ခင်ဗျားက ချက်ချင်း သဘောတူလိုက်ရလား။ ဒါက ဘယ်လိုဖြစ်ရတာလဲ"
တစ်ယောက်ပြီးတစ်ယောက် မကျေနပ်ချက်ကို ထုတ်ဖော်သည်။"သူဌေးယွမ်၊ ဒါကို လက်မခံနိုင်ဘူး"
"ခင်ဗျားက အလှလေးအတွက်နဲ့ စည်းမျဉ်းကို ချိုးဖောက်ချင်တာလား။ ဘယ်လိုဖြစ်ရတာလဲ"
ထို့နောက် ဝမ်မန်က ချစ်စဖွယ်မျက်ဝန်းဖြင့် ငေးကြည့်ကာ
"ငါက တူညီတဲ့ ဟင်းပွဲကို တောင်းဆိုတာ မဟုတ်ဘူးလေ။ ဒီတစ်ခေါက်မှာတာ ကြက်ဥထမင်းကြော်လေ။ အစုံလိုက် မဟုတ်ဘူးလေ။ ဟင်းပွဲချင်း မတူဘူးလေ ဟုတ်တယ်မလား""ဟမ်"
စောနက ဆူညံနေသူအားလုံး ကြက်သေသေကာ နှုတ်ဆိတ်သွားသည်။
YOU ARE READING
ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)
HumorMale Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင်းဆိုထားတဲ့ ထူးဆန်းတဲ့စတိုးဆိုင်တစ်ခုရှိတယ်။ ဈေးတွေက ဈေးကြီးတယ်။ ဟင်းချို နှင့် ကြက်ဥကြော် ပေါင်းစပ် အစုံ သည် 288 RMB ဖြစ်သည်။ အရံဟင်းလည်း ပ...