ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၈)
[လိုက်ဖက်ညီတဲ့ဆုလာဘ် ] ခေါက်ဆွဲစွပ်ပြုတ်အချို အစုံလိုက် (ရရှိသွားပါပြီ)
ဈေးနှုန်း ခေါက်ဆွဲစွပ်ပြုတ်အချို အစုံလိုက်/ တစ်ပွဲလျှင် ၃၀၈ယွမ်
ယွမ်ကျိုးက မစ်ရှင်ကို စစ်ဆေးကြည့်ပြီးနောက် ကျေနပ်စွာ ပြုံးလိုက်သည်။
“သူဌေးယွမ်၊ ငါ သဘောပေါက်သွားပြီ။ အကြံတစ်ခု တွေးမိတယ်” ယွမ်ကျိုးက ဆုလာဘ်ကို လက်ခံခါနီး ဝူဟိုင်းက ရုတ်တရက် ထအော်သည်။
“ဘာဖြစ်ပြန်ပြီလဲ”ယွမ်ကျိုးက ဆရာကျကျဖြင့် မေးလိုက်သည်။
“အစုံလိုက်ကြက်ဥထမင်းကြောတစ်ပွဲပေးပါ”
ဝူဟိုင်းက ကျေနပ်သောအမူအရာဖြင့် စကားပြောသည်။“အမ်၊ တစ်မိနစ်စောင့်ပေး။ ခဏနေရင်ရမယ်” ယွမ်ကျိုးက မျက်ခုံးပင့်ကာ ပြန်ဖြေသည်။
ဝူဟိုင်းက အမဲသားဟင်းအနှစ် နှင့် ကြက်ဥထမင်းကြော်ကို တွဲဖက်စားရန် ဆုံးဖြတ်ထားသည်။ ယွမ်ကျိုးက ခေါက်ဆွဲပြုတ် နှင့် အမဲသားဟင်းအနှစ်ကို တွဲမစားရန်သာ သတိပေးပြီး ကြက်ဥထမင်းကြော်နှင့် တွဲစားခြင်းကို မတားမြစ်ထားပေ။ ယခုလို ထက်မြက်သော အကြံအစည်မျိုးကို တွေးကြံမိ၍ ဝူဟိုင်းက သူ့ကိုယ်သူ ချီးမွမ်းမိသည်။
“ဘယ်လိုဖြစ်ရတာလဲ။ ဒါဆိုရင် ငါတို့က ဟင်းပွဲနှစ်ပွဲ မှာလို့ရတဲ့ သဘောလား”
“အဲလိုတော့ မဟုတ်ဘူး။ ဟင်းပွဲ တစ်ပွဲချင်းစီကို တစ်ခါစီ မှာလို့ရတယ်” ဝူဟိုင်းက စိတ်ကြည်လင်နေ၍ မိန်းမချောလေးကို စိတ်လိုလက်ရ ရှင်းပြသည်။
သူက ထက်မြက်သော လက်ထောက်ဖြစ်၍ ချက်ချင်း သဘောပေါက်သည်။
“ဒီလိုရင် အဆင်ပြေတာပေါ့”ဝူဟိုင်းက ခေါက်ဆွဲပြုတ်မှ စွပ်ပြုတ်အရည်များကို တစ်စက်မှ မကျန်အောင် မော့ချလိုက်သည်။
ယွမ်ကျိုး၏စားသောက်ဆိုင်အတွင်းမှာ စားကြွင်းစားကျန် ဘယ်သောအခါမှ မရှိတတ်ပေ။ အမှိုက်ကားပင် သူ့ဆိုင်နား မရပ်တော့ပေ။
“သူဌေးယွမ်၊ ငါ့ရဲ့ဟင်းပွဲ အဆင်သင့် ဖြစ်ပြီလား”
ဝူဟိုင်းက သူ့အိတ်ကပ်ထဲမှ တစ်ရှူးကို ထုတ်ပြီး သူ့ပါးစပ်ကို သုတ်လိုက်သည်။
ŞİMDİ OKUDUĞUN
ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)
MizahMale Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင်းဆိုထားတဲ့ ထူးဆန်းတဲ့စတိုးဆိုင်တစ်ခုရှိတယ်။ ဈေးတွေက ဈေးကြီးတယ်။ ဟင်းချို နှင့် ကြက်ဥကြော် ပေါင်းစပ် အစုံ သည် 288 RMB ဖြစ်သည်။ အရံဟင်းလည်း ပ...