ညအချိန်မတော် ခြေသံများကစတင်သည်။အခြေသံတစ်ချက်ချင်းစီတိုင်းသည် တိုက်ခန်းတစ်ခန်းကို ဦးတည်နေသည်။၅ထပ်မြောက်ရောက်သောအခါ အသံဟိန်းနေသောဖိနပ်သံက အခန်းတစ်ခန်းအရှေ့တွင် အစရှာမရပြောက်သွားသည်။
*ဒေါက် ဒေါက် ဒေါက်*
မည်သူမှန်းမသိ ည၁၂ခွဲလောက်တံခါးလာခေါက်၏။ဤအချိန်သည်အလွန်အမင်း ကြောချမ်းလှ၏
ကျွန်တော်တံခါးခေါက်သံ ပထမသုံးချပ်အား အိပ်ပျော်နေသောကြောင့် သတိမထားခဲ့မိ။
*ဒေါက် ဒေါက် ဒေါက်*
ဒုတိယတံခါးခေါက်သံက တစ်ဖြေးဖြေးပို၍ကျယ်လာ၏ ထိုချိန်မှလန့်နိုးခါ နာရီကြည့်မိတော့ ၁၂တောင်ခွဲနေပြီ
"ဘယ်သူလည်း"
ဆယ်ကျော်သက်ကောင်လေးတစ်ယောက်တည်း နေသောတိုက်ခန်းတွင် သန်းခေါင်ကျော်ကျော် လူတစ်ဦးတံခါးလာခေါက်သည်မှာ ရင်တုန်စေလောက်သည်။
အပြင်ဘက်ကမည်သူမျှပြန်မဖြေ။
သတ္တိရဲသောကြောင့် ထိုင်နေရာမှ ထရပ်လိုက်ကာ ဘယ်သူလည်းဟုထပ်မေးသည်။ဒုတိယတစ်ခွန်းလည်းပြန်မဖြေ ထို့ကြောင့်တံခါးဖွင့်ရန်သာ ဆုံးဖြတ်လိုက်သည်။
တံခါးနာရောက်သည်နှင့် တံခါးအားအရှိန်ဖြင့်ဖွင့်လိုက်ကာ မည်သူမျှမရှိနေ
"ဘယ်သူ့မှမရှိဘူး ပြန်အိပ်ဦးမယ်"
တံခါးပြန်ပိတ်လိုက်ကာ အနောက်သို့လှည့်ရန်ပြင်တုန်း တံခါးခေါက်သံပြန်ကြားရသည်။ဒီတစ်ခါသေချာပြီ......
ကျွီ...........
တံခါးအားဖွင့်လိုက်သည်နှင့်လူတစ်ယောက်က နံရံဘေးနားမှ အလျှင်ထွက်လာကာ မူးနေသောအရက်သမားလိုပင် မျက်လုံးပင်မှေးနေသည်။အရပ်သည်လည်း ၆ပေကျော်ကျော်ရှိနေသောကြောင့် ဆယ်ကျော်သက်ကောင်လေးထက် ရှည်နေသည်။အင်္ကျီအမဲက လူဆိုးလူမိုက်ဟုလည်း ထင်စေနေသည်။
ထိုလူသည် တံခါးအားနောက်ပြန်ပိတ်ကာ ကောင်လေးအားစိုက်ကြည့်နေလျှက်
"ခများက ဘယ်သူလည်း ဘာလို့ငါ့အခန်းထဲဝင်လာတာလည်း"
တံခါးအားပိတ်လိုက်သည်နှင့် ထစ်ကနဲလော့ချလိုက်သည်။
YOU ARE READING
MY STRANGER DADDY
Fanfictionအမှောင်သီးသန့်သာပါမည်ဖြစ်သောကြောင့် အမှောင်ကြောက်သူများနှင့်၁၈+မုန်းသူများ မဖတ်ရန်လေးစားစွာပန်ကြားအပ်တာတယ်ဗျာ အဆဲစကားလုံးများ ရိုင်းစိုင်းစွာပါနိုင်သည်။ "Daddyကြောင့် ဖြစ်ပျက်တာတွေကိုDaddyတာဝန်ယူနိုင်လား" လူစိမ်းတစ်ယောက်ကြောင့် ဘဝပြောင်းသွားသော ဆယ်...