part-1 (သူစိမ်း)

6.3K 25 0
                                    

ညအချိန်မတော် ခြေသံများကစတင်သည်။အခြေသံတစ်ချက်ချင်းစီတိုင်းသည် တိုက်ခန်းတစ်ခန်းကို ဦးတည်နေသည်။၅ထပ်မြောက်ရောက်သောအခါ အသံဟိန်းနေသောဖိနပ်သံက အခန်းတစ်ခန်းအရှေ့တွင် အစရှာမရပြောက်သွားသည်။

*ဒေါက် ဒေါက် ဒေါက်*

မည်သူမှန်းမသိ ည၁၂ခွဲလောက်တံခါးလာခေါက်၏။ဤအချိန်သည်အလွန်အမင်း ကြောချမ်းလှ၏

ကျွန်တော်တံခါးခေါက်သံ ပထမသုံးချပ်အား အိပ်ပျော်နေသောကြောင့် သတိမထားခဲ့မိ။

*ဒေါက် ဒေါက် ဒေါက်*

ဒုတိယတံခါးခေါက်သံက တစ်ဖြေးဖြေးပို၍ကျယ်လာ၏ ထိုချိန်မှလန့်နိုးခါ နာရီကြည့်မိတော့ ၁၂တောင်ခွဲနေပြီ

"ဘယ်သူလည်း"

ဆယ်ကျော်သက်ကောင်လေးတစ်ယောက်တည်း နေသောတိုက်ခန်းတွင် သန်းခေါင်ကျော်ကျော် လူတစ်ဦးတံခါးလာခေါက်သည်မှာ ရင်တုန်စေလောက်သည်။

အပြင်ဘက်ကမည်သူမျှပြန်မဖြေ။

သတ္တိရဲသောကြောင့် ​ထိုင်နေရာမှ ထရပ်လိုက်ကာ ဘယ်သူလည်းဟုထပ်မေးသည်။ဒုတိယတစ်ခွန်းလည်းပြန်မဖြေ ထို့ကြောင့်တံခါးဖွင့်ရန်သာ ဆုံးဖြတ်လိုက်သည်။

တံခါးနာရောက်သည်နှင့် တံခါးအားအရှိန်ဖြင့်ဖွင့်လိုက်ကာ မည်သူမျှမရှိနေ

"ဘယ်သူ့မှမရှိဘူး ပြန်အိပ်ဦးမယ်"

တံခါးပြန်ပိတ်လိုက်ကာ အနောက်သို့လှည့်ရန်ပြင်တုန်း တံခါးခေါက်သံပြန်ကြားရသည်။ဒီတစ်ခါသေချာပြီ......

ကျွီ...........

တံခါးအားဖွင့်လိုက်သည်နှင့်လူတစ်ယောက်က နံရံဘေးနားမှ အလျှင်ထွက်လာကာ မူးနေသောအရက်သမားလိုပင် မျက်လုံးပင်မှေးနေသည်။အရပ်သည်လည်း ၆ပေကျော်ကျော်ရှိနေသောကြောင့် ဆယ်ကျော်သက်ကောင်လေးထက် ရှည်နေသည်။အင်္ကျီအမဲက လူဆိုးလူမိုက်ဟုလည်း ထင်စေ​နေသည်။

ထိုလူသည် တံခါးအားနောက်ပြန်ပိတ်ကာ ကောင်လေးအားစိုက်ကြည့်နေလျှက်

"ခများက ဘယ်သူလည်း ဘာလို့ငါ့အခန်းထဲဝင်လာတာလည်း"

တံခါးအားပိတ်လိုက်သည်နှင့် ထစ်ကနဲလော့ချလိုက်သည်။

MY STRANGER DADDYWhere stories live. Discover now