part-3 (အလိုလိုက်တဲ့ဒယ်ဒီ)

3K 23 0
                                    


"ရသော် မင်းတိုက်ခန်းခပေးရင်ပေး မပေးရင်ဒီတိုက်ခန်းက အပြီးဆင်း"

"ဟိုလေ အန်တီ တစ်ပတ်လောက်အချိန်ပေးလို့ရလား"

မျက်နှာငယ်လေးဖြင့်သာ ပြောနိုင်သောစကားလုံးများသာဖြစ်သည်။

"တစ်လ၇သိန်း ၅လဆိုတော့ ၃၅သိန်း တစ်လတစ်လပေးမယ်ပေးမယ်နဲ့ ဆင်ခြေတွေပေးနေတာလေ အခုတော့မရဘူး နင်မပေးနိုင်ရင်ဆင်း"

"ကျွန်တော့်မိဘတွေက ကျွန်တော်မွေးကတည်းကဆုံးသွားခဲ့ပါပြီ အမေကမွေးမွေးပြီးခြင်းဆုံးသွားပြီးတော့ အဖေကတော့ ကားအက်ဆီဒန့်နဲ့ဆုံးသွားလို့ ကိုယ့်အားကိုကိုးနေရတာပါ"

"ဘားမှမျက်ရည်လာချူပြမနေနဲ့ မပေးနိုင်ရင်စျေးပေါတဲ့တိုက်ခန်းပြောင်းနေ စျေးကြီးတာနဲ့မတန်တဲ့ကောင်တွေ"

"မင်း ဒီလိုခွေးစျေးလောက်နဲ့တိုက်ခန်းဝယ်နေစရာမလိုဘူး"

အမဲရောင် ကိုယ်ကြပ်အပါးတစ်ထပ် အပေါ်မှအမဲရောင်ဂျာကင်ကိုစွဲမြဲစွာဝတ်ဆင်ထားသည်။စတိုင်ဘင် နက်ပြာနှင့် ဆံပင်အားသေချာစွာဖီးလိမ်းထားသည်။အလယ်ခွဲအားထောင့်ကျကျဖီးထားသည်။

"ခများကိစ္စပါလို့လား"

မထင်မက်ဘဲ။

"ရော့ဒီမှာ ခများတိုက်ခန်းခ ခဏကအကုန်ကြားတယ် ၃၅သိန်းမလား"

"အေး"

"ရော့ဒီမှာ ငါ့ဘဏ်ကတ် သိန်း၁၅၀ရှိတယ်"

ရသော့်၏လက်အား ဆောက်ဆွဲ၍မျက်နှာချင်းစိုင်လိုက်သည်။

"မင်းဒီမှာနေစရာလဲမလိုဘူး ဒီကိုလည်းပြန်လာစရာလည်းမလိုဘူး ရှင်းရှင်းပြောမယ်ကွာ မင်းအလုပ်မလုပ်နဲ့ ငါရှာကြွေးမယ်"

"ခများ ခတ်ပြတ်ပြတ် ပြောစရာမလိုဘူး ကျွန်တော်ကလူစိမ်းတစ်ယောက်ကို ယုံရအောင်စောက်ရူးလား ပြီးတော့ ခုဏကပိုက်ဆံနဲ့လည်းခများနဲ့မဆိုင်ဘူး"

ဒေါသပုံမီးသည် ကောက်ရိုးမှတစ်ဆင့် တောင်မီးလောင်သလိုပင် ဆူထလာသည်။

"မင်းငါနဲ့လိုက်ကိုလိုက်ရမယ်"

လက်နှစ်ဖက်အားချုပ်လိုက်ကာ ရသော်ကမူ တနေ့ကညကကိစ္စကို သတိရသွား၏

MY STRANGER DADDYWhere stories live. Discover now