''WARNING"

415 8 0
                                    


အပိူင်း၁
...........

ညရဲ့အမှောင်ဟာ နက်သည်ထက်နက်လာပါသည်။ ဘေးနားက ဖြတ်ဖြတ်ပျံသွားတဲ့ ငှက်တွေကြောင့် မဲမှောင်နေတဲ့ ပတ်ဝန်းကျင်က ပို၍ ကြောက်စရာကောင်းပူံထင်နေရပါပေသည်။ တစ်ချက်တစ်ချက် ကြားရသော ခြုံတိုးသံက မိုးရေထဲတွင်အလုပ်ရှုပ်နေသော ထိူလူငါးယောက်ကိုပိုပြီး ကြောက်အောင် ခြောက်လန့်နေပုံရပါသည်။

" ဂျိမ်း......."
"အ.အ.အ.."

တစ်ခါတစ်ရံ မိုးကျယ်လောင်စွာခြိမ်းပြီးမှ ထွက်ပေါ်လာသော ကျီးငှက်အော်သံက ထိုလူသား၅ယောက်အား ထိူနေရာမှချက်ချင်းထွက်သွားအောင် "သတိပေး"နေသည်ဟုထင်ရသည်။

မိုးသည်မစဲပဲပို၍ ပို၍ သည်းလာသည်။ထိုလူငယ်၅ယောက်ကတော့မည်သူကိုမျှသတိထားမိပုံမရ။မိုးကိုလည်းသတိမထားမိပေ။ပတ်ဝန်းကျင်လည်းသတိမထားမိပေ။ ထိုလူငယ်၅ယောက် ငှါးရမ်းထားသော အဆောင်သိူ့် ညမရောက်ခင်ရောက်ဖို့သာ အာရုံစိုက်နေကြသည်။
လာတူန်းကတော့ ကားငှါးလာခဲ့ကြသည်။သိူ့သော် မိုးရုတ်တရက်ရွာချမှုကြောင့် ကားသမားသည် ထိူလူငယ်၅ယောက်ကိုထားခဲ့ပြီး ပြန်လှည့်ထွက်သွားသည်။ မသွားခင် "သတိပေး" သွားသေး၏။
"ငါ့ညီနဲ့ညီမတို့ မိူးရွာနေတဲ့အချိန် ဒီနားက လုံခြုံတဲ့ နေရာတစ်ခုမှာ မိုးခိုနေပါ မိုးရေထဲ လျှောက်မသွားမိပါစေနဲ့ အက်ိုတော့ အိမ်က မိသားစုကို စောင့်ရှောက်ရအုန်းမှာမလို့..ဒီမှာပဲထားခဲ့တော့မယ်"
ထိုသို့ပြောပြီး လမ်းတစ်ဝက်၌ ချထားပေးခဲ့သော ကားသမားအား ထိုလူငယ်၅ယောက်နားမလည်နိူင်ပါ။

ယနေ့မှ ပထမဆုံး ကျောင်းပြောင်းလာခြင်းဖြစ်သည်။ ပထမဆူံးလာသည့်နေ့မှပဲ မိုးရွာပြီး ကားသမား၏ လမ်းတစ်ဝက်၌ ထားရစ်ခြင်းကိုခံခဲ့ရသည်။

ကို့အထုတ်ကိုယ်ဆွဲ၍ အဆောင်ဆီသို့မရောက်ရောက်အောင် ခရီးနှင်နေကြသည်။
အိမ်တွေကိုကြည့်တော့လည်း အကုန်လုံး တံခါးအားလုံးကိုပိတ်ထားကြသည်။
မီးမှိန်မှိန်လေးတော့ မြင်နေရ၏။
အသံဟူ၍ မိုးခြိမ်းသံနှင့် ကျီးအော်သံမှတစ်ပါး ကြောင်သံခွေးသံပင်မကြားရ။

''WARNING"Where stories live. Discover now