ENDING PART

98 5 0
                                    


ဇာတ်သိမ်းပိုင်း
....................

Smith တို့သူငယ်ချင်း၃ အိမ်ရှင်အား သွားနှုတ်ဆက်သော Bella အား ပြန်လာမည့်အချိန်ကိုစောင့်နေသည်။
Hope အအေးနှစ်ခွက်သောက်ပြီးကတည်း အိပ်ပျော်သွားသည်။ဖြစ်ပျက်နေသော ပတ်ဝန်းကျင်ကိုမေ့ပျောက်ပြီး အိပ်မက်ထဲ ခြေဆန့်နေပေပြီ။

ထိုအချိန် Nameless အခန်းထဲဝင်လာပြီး

"ပြန်ကြတော့မလို့လား Bella ပြောတယ်.."

"ပြန်တော့မယ် နောက်ကျနေပြီလေ Bella ကရော.."

"Bella က ပြန်သွားပြီလေ ကျွန်မရှေ့တင်ပဲ ထွက်သွားတာ Smithရဲ့ ရှင်တို့ကအရင်ပြန်သွားတယ်ထင်ပုံရတယ်.."

"ဟုတ်လား.."

Smith လည်း Bella အားစိုးရိမ်စိတ်ဖြင့် Namelessအား နှူတ်ဆက်ပြီး လာရာလမ်းအတိုင်းဝင်သွားလိုက်ကြသည်။

Hope ကိုကျောပိုးလျက်..
"Bond..Daccy..ငါ့စိတ်ထဲတစ်မျိုးပဲတစ်ခုခုဖြစ်နေတဲ့အတိုင်း"

"ငါရောပဲ ငါNameless ရဲ့ အင်္ကျီကိုသတိထားမိတယ် မနက်ကငါစာဖတ်နေတုန်းက အခန်းထဲဝင်လာတဲ့အချိန်က Bellaရဲ့အင်္ကျီနဲ့တူတယ်"

"နင်ပြောမှ ငါသတိထားမိတယ် သူ့အင်္ကျီက ငါကိုအခန်းထဲက ပြုံးပြနေတဲ့ကောင်မလေးနဲ့တူတယ်ဟ"

"မနက်က? "
Smith အနည်းငယ် သံသယဝင်လာမိသည်။
မနက်က တစ်ချိန်လုံး Bellaနှင့် အဘွားကိုစောင့်ရှောက်ရင်းတူတူရှိနေကြ၏။

"Hope Hope.."
ကျောပိုးလာရသော ကြောင့်ပင်ပန်းလာသည်ကတစ်ကြောင်း၊Hope အိပ်ပျော်နေသည်မှာ အတော်အတန်ကြာသည်ကတစ်ကြောင်းမို့ နိုးလိုက်သည်။
ထိုအခါမှ မျက်စိပွင့်ပြီးလှူပ်လှူပ်လှုပ်လှုပ်ဖြစ်လာ၏။

Hope မျက်လုံးအားပွတ်သတ်ရင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်လျက်
"ငါတို့ဘယ်မှာလဲ..Daccy ငါခုနကမှ Nameless အိမ်မှာပါ"

"တောထဲမှာလေ "

"1 2 3 4 "

Hope လူရေတွက်လိုက်ပြီး Bella အားမတွေ့မိ၍
"Bella ရော..Bella "
"Bella ကအရင်ပြန်သွားတယ်လို့ Nameless ပြောတယ်."
Hope မျက်မှောင်ကျုံ့လိုက်ပြီး
"မဟုတ်ဘူး Bellaက ခုနကမှငါနဲ့စကားပြောနေတာ နင်တို့ခေါ်သံကြားလို့ လှည့်ကြည့်လိုက်ရော နင်တို့ဆီရောက်လာတာပဲ.."

''WARNING"Donde viven las historias. Descúbrelo ahora