part2

190 6 0
                                    


အပိုင်း၂
...........

မိုးတိတ်သွားပြီဖြစ်သောကြောင့် ထိုအိမ်ပိုင်ရှင်ကောင်မလေးအား နှူတ်ဆက်ပြီး အဆောင်ဆီသို့လမ်းလျှောက်ပြန်ခဲ့ကြသည်။

မိုးရွာပြီးပါက မည်သူမျှ အလုပ်မလုပ်ကြဟုလည်း ​​ပြောသေးသည်။ နောက်တစ်ကြိမ်မိုးရွာခဲ့ပါက ဟူသောအတွေးဖြင့် အလုပ်မလုပ်ကြခြင်းဖြစ်သည်။

လူငယ်၅ယောက်လည်း အတွေးကိုယ်စီဖြင့် ကိုယ်အထုတ်ကိုယ်ဆွဲ၍ အဆောင်သို့သွားနေကြ၏။

နာရီဝက်ခန့်လမ်းလျှောက်ပြီးသော် လမ်းချိုးလေးမှ ထွက်လာသော ကားအားတွေ့လိုက်ရသည်။
မိုးမိထားသည်ဖြစ်သောကြောင့် အားလုံးပင်ပန်းနေကြ၏။
Bella လည်းဆိုင်းင့ံမနေတာ့ဘဲ အရှေ့မှထွက်လာသော ကားကိူတားရန်ဟန် ပြင်နေစဥ် ဘေးနားကားလာရပ်ပြီး မိန်းမကြီးတစ်ယောက်ကားပေါ်မှဆင်းလာသည်။
ကားထဲမှ ထွက်လာသောထိုအမျိုးသမီးသည်လူငယ်၅ယောက်အား သေချာကြည့်ပြီး
"သမီးတို့က အန်တီအဆောင်ကို ပြောင်းလာတဲ့သူတွေမလား.."

တစ်ယောက်ကိူယ်တစ်ယောက် ကြည့်လိုက်ကားပေါ်မှဆင်းလာသော အမျိူးသမီးအားအကဲခတ်လိုက် နှင့် လုပ်နေကြ၏။
"အော် သမီးတို့က အန်တီကိုမမှတ်မိဘူးထင်ပါရဲ့...မနေ့က သမီးတို့ဖုန်းဆက်ထားတယ်လေ
ဘယ်သူပါလိမ့်ကောင်မလေးနမယ်က အော် Hopeတဲ့..."

"Sorryနော် အန်တီ သမီးချက်ချင်းမမှတ်မိလို့"
Hopeလည်း အားနာစွာ ပြူံးပြလိုက််သည်။.သူငယ်ချင်း ၅ယောက် ခေါင်းချင်းဆိူင်၍ အကူညီတောင်းရန် တိုင်ပင်လိုက်ကြပြီး.

Hopeသည် အဆောင်မှူးနှင့် အနည်းငယ်ရင်းနှိိီးသောကြောင့် Hope ကိုပဲ အကူညီတောင်းခိုင်းလိုက်ကြ၏။

"အန်တီ သမီးတို့ ၅ယောက်ကို အဆောင်ကိုေခါ်သွားလို့ရမလား သမီးတို့ ကားငှားမရလို့.."

"အန်တီက သမီးတိူ့က်ို လာခေါ် တာပါကွယ်
မိုးရွာနေတော့ သမီးတို့ ဒုက္ခ ရောက်နေမယ်ထင်လို့ပါ.ကဲ.. တက်ကြ တက်ကြ..ပြီးတော့သမီးတို့က ဒီနယ်ရဲ့"သတိပေးချက်"က်ိုမသိဘူးမလား.."

အထုတ်တွေတင်ရင်း ကြားလိုက်ရသော တတိယအကြိမ်မြောက် သတိပေးချက်ကြောင့်
တစ်ယောက်က်ိူတစ်ယောက် မေးခွန်းထုတ်ရင်း အပြန်အလှန်ကြည့်နေမိသည်။

''WARNING"Where stories live. Discover now