part3

137 5 0
                                    


အပိုင်း ၃
............

"ဒေါက် ဒေါက် ဒေါက် သမီးတို့ရေ "

တံခါးခေါက်သံနှင့်အတူ ထွက်ပေါ်လာသော အဆောင်ပိုင်ရှင် အမျိုးသမီး၏ အသံကြောင့်
အိပ်ပျော်နေသော အမျိုးသမီးလေး ၅ယောက်လူံး နိုးသွားပြီး..အငယ်ဆုံး ဖြစ်သော Bond အား တံခါးသွားဖွင့်ခိုင်းလိုက်သည်။

"အမတို့က အမြဲ အဲ့ဒီလိုပဲ အငယ်ဆိုပြီး အနိူင်ကျင့်နေကြတာ.."

ပြောရင်း တံခါးကိုဆွဲဖွင့်လိူက်သည်။

"ကျွီ.."

အနည်းငယ်အိုဟောင်းနေပြီ ဖြစ်သော ကြောင့် တံခါးမှ အသံထွက်လာဖြစ်သည်။

"အန်တီ good morning..ဘာကိစ္စ ရှိလို့လည်း မနက်အစောကြီး..."

အဆောင်ပိူင်ရှင် အဒေါ်ကြီး၏ လက်များ တစ်ချောင်းနှင့်တစ်ချောင်း ပွတ်နေ၏။ မျက်နှာကလည်း အားနာနေသယောင် ပေါ်နေသည်။
Bond အနည်းငယ်ရိပ်မိလိုက်သည်။ မနက်အစောကြီး နှိုးရသည်ကို အားနာနေသည် ထင်ပါရဲ့..Bond လည်း..

"အန်တီ ပြသနာ ရှိရင်ပြောပါ အားမနာပါနဲ့ ကျွန်မတို့က အသစ်တွေ ဆိုပင်မဲ့ ရင်းရင်းနှီးနှိီးပြောလို့ရပါတယ်.."

Bond အိပ်ယာပေါ်က သူငယ်ချင်းတွေကိုမျက်နှာရိပ် မျက်နှာကဲ ပြလိုက်တော့မှ
နောက်က သူငယ််ချင်း ၄ယောက်ကလည်း

"ဟုတ်တယ် အန်တီ ပြောပါ"

" အဒေါ် သမီးကနေမကေါင်းလိူ့ သူ့ရဲ့မြို့ကိုခေါ်လို့ပါ အန်တီ တစ်ပတ်လောက်သွားလို့ရမလား.."

အမှန်တကယ်အခက်အခဲတွေ့နေပုံရသည်။
အကူညိီလိူနေသူကိူ အမြဲကူညီတတ်သော Smith တိူ့သူငယ်ချင်း နှင့်တွေ့၍ ကဲံကောင်းသည်ဟုဆိူရမည်။

"ရပါတယ် အန်တီသွားပါ..သမီးတို့ကိူဘာသာနေတတ်ပါတယ်..မသိတာရှိရင်လည်း တခြားလူတွေမေးလိုက်ပါမယ်.."

အဆောင်ပ်ိုင်ရှင်အဒေါ်ကြီး Bond လက်က်ိုကိူင်လိုက်ပြီး.အားနာနေသော မျက်လူံးဖြင့််ကြည့်၍

"မဟုတ်ပါဘူးသမီးရယ် အဒေါ်ကြီးမားတဲ့အကူအညီတောင်းချင်တာပါ.."

''WARNING"Where stories live. Discover now