ရေစက်(5)

854 42 0
                                    

တစ်ရက်တာလုံးဟာအိမ်သိမ်းရင်းနဲ့ပဲကုန်ဆုံးသွားခဲ့သည်။မကုန်လုံးသန့်ရှင်းရေးလုပ်အပြီးမှာတော့လရိပ်တစ်ယောက်ဘုရားရှိခိုးကာတစ်နေ့တာပင်ပန်းသမျှအိပ်စက်ရင်းအနားယူခဲ့လေသည်။

*******
လွန်ခဲ့သောတစ်နှစ်အချိန်က ....

"ရိပ်ရေ သူသူတို့ တံတားနားမှာတွေ့ကြရအောင်"

"ဘယ်အချိန်လဲ သူသူ"

"နန်းတို့ကတော့ညနေနာရီလာမလို့"

"​​​​​​​​​သြော် ဒါဆိုလရိပ်လည်း ၃ နာရီလာခဲ့မယ်လေ"

"အင်းလရိပ် ဒါဆိုတံတားမှာတွေ့မယ်နော်"

"အင်း နန်း"
______
"မေမေ လရိပ်သွားလိုက်ဦးမယ်နော်"

'လရိပ်သွားလိုက်ဦးမယ်နော်'
ဆိုသည့်စကားကြောင့်ဒေါ်ခင်ငြိမ်းချိုတစ်ယောက် ထိုင်ခုံ၌အဆင်သင့်လိုက်သည်။

မကြာမီမှာပင် လရိပ်ချိုတစ်ယောက်မိခင်ဖြစ်သူအားကန်တော့ရင်း သူသူနှင့်နန်းတို့ဆီထွက်လာခဲ့သည်။
_________
"ဟယ်လိုသူသူ သူသူတို့အခုဘယ်မလဲ"

"သူသူတို့က ကြီးမြင့်တို့ဘက်မှာလေ လရိပ်ကကော"

"ကြီးမြင့်တို့ဘက်လား သြော်
လရိပ်လာနေ အ့ ... "

ဟင်။လရိပ်နှင့်တိုက်မိသူကို
လရိပ်သိပါသည်။သူမက ဆေးထိုးတုန်းကတွေ့ခဲ့တဲ့မတိမ်၀လ္လာ။

"မိုးစန္ဒာ မင်းဒီဘယ်လိုရောက်နေတာလဲ"

လရိပ်ကြောင်သွားသည်။သူ့နာမည်ကလရိပ်ချိုပါ။ဒါကဘယ်ကမိုးစန္ဒာကိုလာပြောနေတာလဲမသိ။ဒါ့အပြင်ဒီဒေသမှာနေ နေတဲ့လူတစ်ယောက်ကို 'ဘယ်လိုရောက်နေတာလဲ' ဟုမေးသည်ကကြောင်တောင်တောင်နိုင်သာ်မဟုတ်ပါလား။

"မမ မမလူမှားနေပြီထင်တယ်"

~ဟိုက်!! ဘာလို့ မမ လို့ပြောလိုက်မိပါလိမ့်

သူမဟာမျက်မှောင်ကြုတ်စွာ
ကြည့်ရင်း
"မင်း ဘာအကွက်တွေလာရွှေ့နေတာလဲ"

လေသံမှာနူးညံ့ခြင်းအလျဥ်းမရှိ။မာထန်စွာပင်။
"မင်းရဲ့အကွက်တွေထဲလွယ်လွယ်၀င်ရအောင်ငါမရူးသေးဘူး"

ရေစက်Where stories live. Discover now