"မင်းဘာလို့လရိပ်ချိုရဲ့နာမည်ကိုသုံးရတာလဲ ပြော!! "
အော်ငေါက်ကာပြောလာသည့်အတွက်လရိပ်အမှန်တကယ်ပင်လန့်သွားရပါသည်။
"လရိပ်ရဲ့နာမည်ကိုသုံးတာဘာဖြစ်လို့လဲ"
လရိပ်၏မေးခွန်းကြောင့်တိမ်၀လ္လာဟာမျက်မှောင်ကြုတ်လျက်
"မင်းမှာသူ့နာမည်ကိုသုံးပိုင်ခွင့်တစ်စက်လေးတောင်မရှိဘူး နားလည်လား"
လရိပ်အဖြစ်ဟာဆိုးလွန်းပါရဲ့။ကိုယ့်နာမည်ကိုယ်ပြန်သုံးတာတောင်အငေါက်ခံရသည်လေ။
"လရိပ်ရဲ့နာမည်ကိုသုံးတာ မသုံးတာကမမနဲ့မှမဆိုင်တာ"
"ဘာပဲဖြစ်ဖြစ်ငါနဲ့ဆိုင်တယ် မင်းကသူ့နာမည်ကိုသုံးဖို့မတန်ဘူး"
ယခုတစ်ခေါက်ပြောလိုက်သည့်စကားကိုလရိပ်ခံပြင်းမိပါသည်။
'မတန်လို့' တဲ့လား။"နေပါဦး 'လရိပ်' ဆိုတဲ့နာမည်ကိုသုံးတာမမအပူဘာပါလို့လဲ လရိပ်နဲ့မမနဲ့ကဘာဆိုင်လို့လဲ"
"လမင်းလေးကငါနဲ့ဆိုင်တယ် အေး ရှင်းရှင်းလင်းလင်းပဲပြောလိုက်မယ်"
လမင်းလေး ဟူသောအခေါ်အေ၀ါ်လေးကိုလရိပ်အခေါ်မခံခဲ့ရ
ဖူးပါ။ဒါပေမယ့်ဒီလူသားဆီမှာတော့ လမင်းလေး ဆိုတဲ့နာမ်စားလေးကိုပထမဆုံးကြားလိုက်ရသည်။"လရိပ်ချိုဆိုတဲ့ငါ့ရဲ့လမင်းလေးကငါ့ချစ်သူ နားလည်လား ဒါကြောင့်ငါ့ချစ်သူနာမည်ကိုလာမသုံးနဲ့"
'ချစ်သူ' ?? တစ်သက်နဲ့တစ်ကိုယ် အဲလေမဟုတ်ပါဘူး နှစ်သက်နဲ့နှစ်ကိုယ်လုံးချစ်သူရည်းစားတောင်မထားခဲ့ဖူးတာကိုအခုကျ သူမရဲ့ချစ်သူ တဲ့လား။
"လရိပ်နဲ့မမနဲ့ ဘယ်တုန်းကဖြစ်သွားလို့လဲ လာလိမ်မနေနဲ့"
"ငါ့ချစ်သူနဲ့ငါချစ်နေတာကို
မိုးစန္ဒာ ကျွန်မနဲ့လရိပ်ချိုဆိုတဲ့ကောင်မလေးဟာချစ်သူတွေဖြစ်နေပါတယ် ဆိုပြီးမင်းဆီကို assignment တွေတင်ပေးရဖို့လား""လာမရွဲ့နဲ့နော် လရိပ်ကခုထိရည်းစားတောင်ထားဖူးသေးတာမဟုတ်ဘူး"
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}