မနက်မိုးလင်းသည့်အချိန်မှစ၍ လရိပ်တစ်ယောက်တက်ကြွနေလေသည်။အကြောင်းကားယနေ့ဆေးရုံသွားရမည်ဆိုသော
ကြောင့်ပင်။
မနက်စာကိုချက်ပြုတ်စားသောက်ပြီးနောက်နေ့လည်စာအတွက်ပြင်ဆင်လိုက်သည်။
မနက် ၅ နာရီကတည်းကထသည်မို့ချက်ပြုတ်ပြီးချိန်၌အချိန်ဟာ ၈ နာရီသာထိုးသေးသည်။ထို့ကြောင့်ရေချိုးကာခန္တာကိုယ်ကိုအဆင်ပြေအောင်ပြင်ဆင်လိုက်သည်။"ဒီလောက်ဆိုအဆင်ပြေလောက်ရောပေါ့"
ကိုယ်လုံးပေါ်မှန်၌ပေါ်နေသောမိမိပုံရိပ်ကိုကြည့်ပြီးသုံးသပ်မိသည်။
ထိုသို့သုံးသပ်တတ်သောအကျင့်မှာလရိပ်၏ငယ်ကျင့်တစ်မျိုးပင်။ရုပ်ရှင်ကြည့်လျှင်လည်းဇာတ်လမ်းကိုမခံစား။သရုပ်ဆောင်တို့၏အမူအကျင့်ကိုသာကြည့်ပြီးထိုသရုပ်ဆောင်တို့၏ပုံစံကိုသုံးသပ်သည်။
ပြင်ဆင်မှုများအပြီးဘုရားရှိခိုးပြီးနောက်မိခင်ဖြစ်သူထံမေတ္တာပို့နေလေသည်။ဘုရားရှိခိုးအပြီးဧကရီထံမှဖုန်း၀င်လာသည်။
"ဟယ်လို ဧကရီ""စန္ဒာ ငါ ပါကင်ကိုရောက်နေပြီ"
လိုရင်းသာပြောပြီးဖုန်းချသွားပြန်သည်။လရိပ်လည်းပိုက်ဆံအိတ်၊ဖုန်းတို့ကိုယူကာ ကားပါကင်သို့ဆင်းလာလေသည်။
ကားပါကင်၌ဧကရီဟာကားထဲမှာထိုင်ရင်းစာအုပ်တစ်အုပ်ဖတ်နေသည်ကိုလရိပ်မြင်ရသည်။
ဧကရီလည်းလရိပ်ကိုမြင်သောအခါစူးစူးစိုက်စိုက်ကြည့်နေသည်။သူမရဲ့အကြည့်တွေဟာမသိရင်တစ်ခါမှမမြင်ဖူးသည့်အရာတစ်ခုခုကိုမြင်ရသည့်နှယ်။"ဧကရီ စောင့်ရတာကြာသွားလား"
"မကြာသေးပါဘူး ဒါနဲ့ဘယ်လိုလုပ်ဒီလို၀တ်ထားတာလဲ"
"ဘာလဲ ဧကရီကမကြိုက်ဘူးလား"
"မကြိုက်တာကြီးတော့လည်းမဟုတ်ဘူးပေါ့ ဘယ်လို့ဒီလို၀တ်ထားတာလဲ"
"ဒီလို၀တ်ရတာကြိုက်လို့ပေါ့"
"နင်ထူးဆန်းနေတယ်စန္ဒာ တနေ့ကတည်းကပဲ"
~သူ အဲ့ကိစ္စခုထိမမေ့သေးဘူးလားဟ
"ဒါဆိုအမြဲထူးဆန်းနေတယ်လို့ထင်နေတော့မှာပဲ"
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}