လရိပ်ထိုနေရာ၌မည်မျှကြာကြာငိုနေမိသည်လည်းမသိတော့။
အခုချိန်ဧကရီကောင်းမည်ဟုတွေးမိသည်။ဧကရီသာဆိုသူ့ကိုနှစ်သိမ့်ကောင်းနှစ်သိမ့်နိုင်ရဲ့။
မိသားစုထံသို့တစ်ပတ်ခွင့်ယူကာပြန်သွားသောဧကရီကိုလရိပ်သတိရမိပါသည်။
ဧကရီဟာသူငယ်ချင်းကောင်းတစ်ယောက်မဟုတ်ပါလား။ငိုရာမှရပ်ကာထလိုက်သည်။အတော်ငိုခဲ့သည်နှင့်တူရဲ့။ထလိုက်သည့်အခါခေါင်းမှာမိုက်ခနဲဖြစ်သွားသည်။
"စန္ဒာ!! ယူ့ကိုတို့ဖြင့်ပြန်သွားပြီထင်တာ"
နောက်ကျောဘက်မှရူဘီ့အသံကိုကြားလိုက်ရသည်။
"ယူငိုထားတာလား"
ရူဘီ့အမေးကိုလရိပ်မဖြေမိ။ခေါင်းလည်းမငြိမ့်သလိုခေါင်းလည်းမခါမိ။
"ယူ့ကိုငိုအောင်ဘယ်ကောင်လုပ်တာလဲ"
ဒီလိုကျပြန်တော့ရူဘီဟာသူငယ်ချင်းကောင်းတစ်ယောက်ပင်။
"ဘယ်သူမှမလုပ်ပါဘူး"
"သေချာလို့လားစန္ဒာ တို့ကိုအားမနာနဲ့ ပွင့်ပွင့်လင်းလင်းသာပြော"
လရိပ်ပြုံးမိသည်။
~မိုးစန္ဒာလည်းသူငယ်ချင်းကောင်းတွေပိုင်ဆိုင်ထားတာပဲ ဒါပေမယ့်လရိပ်ကတော့အခုသူငယ်ချင်းကောင်းတွေကိုမပိုင်တော့ပါလား
"တကယ်ပါရူဘီရယ် ဘာမှမဖြစ်ဘူး"
"ဒါနဲ့သူ .... အဲလေသူသူရော"
ငိုရသည့်အကြောင်းရင်းတစ်ခုကိုမှတည့်တည့်လာမေးသောရူဘီကြောင့်လရိပ်မျက်ရည်၀ဲလာသော်လည်းအတတ်နိုင်ဆုံးထိန်းလိုက်သည်။
"ဘာလို့သူသူ့ကိုမေးတာလဲဟင်"
"ဒီတိုင်းပါပဲ ဘာမှမဟုတ်ဘူး ဒါနဲ့ယူပြန်တော့မှာလား"
ရူဘီပြောမှလရိပ် လက်ပတ်နာရီကိုပြန်ကြည့်မိသည်။အချိန်က ၉ နာရီခွဲ။
"နောက်ကျနေပြီပဲ"
"ယူတစ်ယောက်တည်းအရင်ကလိုပြန်ဖို့လား"
"ပြန်ဖို့အခက်တော့တွေ့တယ်
ရူဘီရယ်""ဒါဆိုတို့ကားနဲ့လိုက်ခဲ့လိုက်လေ"
YOU ARE READING
ရေစက်
Random"လမင်းလေးရဲ့အနားကတိမ်စိုင်လေးဖြစ်ခွင့်ပြုပါ" {သေဆုံးသွားတဲ့လူတစ်ယောက်ရဲ့၀ိဉာဥ်ဟာအခြားခန္တာကိုယ်မှာနေထိုင်ရင်းဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။}