လောကသုံးပါးသခင်
…………………………
Chapter 111:
စီနီယာအကိုရှိန်ဟန်
“ယုဂျီ.. ငါသာ ပေါ်မလာရင် ဆရာခိုင်းလိုက်တဲ့ ကိစ္စကြီးပျက်စီးတော့မလို့ပါလားကွဟေ.. အခုလို သေးသေးလးခိုင်းလိုက်တာကိုတောင်မှ မင်း မကိုင်တွယ်နိုင်ဘူး.. ဆရာကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ထားတဲ့ တပည့်မလေးရဲ့အသက်ကိုတောင် ဆုံးရှုံးစေတော့မလို့.. ငါ့မျက်လုံးထဲမတော့.. မင်းက ဆရာ့ တပည့်ရင်းဆယ်ယောက်ထဲပါနေတာ နံပါတ်လှဖို့သက်သက်ပါကွာ.. ”
ဒီစီနီယာအကိုရှိန်ဟန် ဆိုတဲ့ လူက ယုဂျီလောက် မောက်မာတဲ့ အသွင်ထွက်မနေပေမယ့်လည်း သူ့ရဲ့ သာမန်ပြောလိုက်တဲ့စကားလုံးတစ်ချို့က ယုဂျီရဲ့ နှဖူးမှာ ချွေးစို့သွားစေပါတယ်..
“စီနီယာ အကို ရှိန်ဟန်.. ကျွန်တော်.. .. .. ..”
လို့ ဆိုလိုက်ပေမယ့်လည်း.. ယုဂျီ ဘာဆက်ပြောရမလဲမသိအောင် ဖြစ်ပြီး တန်းလန်းကြီးဖြစ်လို့ နေပါတယ်..
“ထားလိုက်ပါတော့..!!”
ရှိန်ဟန် လက်တစ်ဖက်ကို အရေးမကြီးဟန်နဲ့ ဝှေ့ရမ်းလိုက်ပြီး.. လောင်ဂျုဇူးကို စကားပြောလိုက်ပါတယ်..
“ဂျူနီယာညီမလေး လောင်.. ငါက မင်းရဲ့ အကိုကြီး ချူရှိန်ဟန် ကွဲ့.. ဆရာရွှမ်ရယ်ရဲ့ ဒုတိယ တပည့်ပေါ့.. ဒီနေ့အဖြစ်အပျက်တွေကို ဂျူနီယာ ညီမလေးကို အတော်လေး ခြောက်ခြားသွားစေလိမ့်မယ် မှတ်တယ်.. ”
လောင်ဂျုဇူးက မိုးရေစိုစွတ်နေကာစ သစ်တော်သီးတစ်လုံးလို လှပတင့်ဆန်းနေပါတယ်.. သူမကို မြင်တဲ့ သူတိုင်းက ၀မ်းနည်းမှုကို ခံစားပြီး သူမအတွက်ဆိုတာချည်း ဖြစ်နေရလောက်အောင်ကို စွဲဆောင်မှုအား ပြင်းသူလေးပေါ့…
“စီနီယာအကို ရှိန်ဟန်သာ အခုလောက်မြန်မြန်ရောက်မလာနိုင်ခဲ့ရင်.. ကျွန်မ.. ကျွန်မ ဆရာကို နောက်တစ်ကြိမ် ထပ်မတွေ့နိုင်လောက်တော့ဘူး.. ”
ချူရှိန်ဟန်လည်း ခေါင်းတွင်တွင်ငြိမ့်ရင်း.. ယုဂျီကို စူးရဲစွာ တစ်ချက် လှမ်းကြည့်ပါတယ်.. ဘာစကား တစ်ခွန်းမှတော့ ထပ်မံပြောဆိုခြင်း မပြုတော့ပါဘူး..
YOU ARE READING
လောကသုံးပါးသခင် ေလာကသုံးပါးသခင္
ActionUni& Zawgyi အပိုင်း 1 မှ 440 + PDF files link (1 to 1500) အပိုင်း 1501 မှ 1530.....