1511-----1515

20 3 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 1511:
        ဟောင်ဟို နန်းတော်

လေထုက စပ်ဖျင်းဖျင်းရယ်ပါ။ တတိယ နန်းတော် အစောင့်အရှောက်က ရည်ရွယ်ချက် ရှိရှိနဲ့ တိတ်ဆိတ်မှုကို မဖြိုခွင်းပါဘူး။

ဂျန်ချန်က အခြေအနေကို နားလည်ပါတယ်။ ဒီအဘိုးကြီး အထာကိုင် နေပါပြီ။ ဂျူနီယာ တစ်ယောက်ပီပီ သူ လက်သီးဆုပ် အရိုအသေ ပြုလိုက်ရင်း..
“စီနီယာ.. ကျုပ်က မိုးပြာကျောက်မျက် မြို့တော်ရဲ့ လက်ရှိ ခေါင်းဆောင်ပါ။ ခင်ဗျား နာမည်လေး သိခွင့် ရှိမလား ”

စည်းမျဉ်းတွေ အရဆိုရင် နန်းတော် အစောင့်အရှောက်တွေက စိန်ခေါ်သူ အမွေခံ လောင်းလျာကို တရားသဖြင့် ပြောဆို ဆက်ဆံ ရပါတယ်။

တစ်ဖက်နဲ့ တစ်ဖက် ဘယ်သူ.. ဘယ်ဝါ ဆိုတာ မိတ်ဆက်ကြဖို့ လိုသည်လေ။

အစောင့်အရှောက် အနေနဲ့ သူ့ နာမည်ကို မသိအောင် တမင် ဖုံးကွယ်ထားဖို့ မလိုပါဘူး။ သူတို့တွေက ဒါကို ဖြေရပါတယ်။

“ငါ့ကို မားကပ်စ် လို့ ခေါ်နိုင်တယ်.. ကောင်လေး ”
တတိယ နန်းတော် အစောင့်အရှောက် ပြောလာပါတယ်။

“စီနီယာ မားကပ်စ်.. ကျုပ် မိုးပြာကျောက်မျက် ဘုရား အတွင်းထဲ ဒီထိအောင် ရောက်လာပြီမို့ အမွေအနစ် နန်းတော် ခြောက်ခုနဲ့ ပတ်သက်ပြီး တစ်ချို့တစ်လေကို သိပြီးပြီ။ ဆရာသခင်ပင်းရယ်.. အကြီးအကဲ ကောင်းကင်ပျံတို့နဲ့လည်း ရင်းနှီးတယ်။ ကျုပ်တို့ကြားမှာလည်း ဒီအတိုင်းပဲ ဖြစ်ချင်မိပါတယ်။ အရင်တစ်ခေါက် ၀င်လာတုန်းက လောက၀တ် မကျေပြွန်ခဲ့မိရင် ခွင့်လွှတ်ပါ။ ကျုပ် ရိုင်းသလို ဖြစ်သွားခဲ့မိတယ် ”

စီနီယာ မားကပ်စ် သူ့ကို အခုလို ဆက်ဆံနေတာက အရင်တစ်ခေါက်တုန်းမှာ ဘုရား အတွင်းဘက်ဆီကို ဖြတ်လမ်း သဘောမျိုး ၀င်လာခဲ့လို့ဆိုတာ ဂျန်ချန် သိနေပါတယ်။ ဂျူနီယာ တစ်ယောက် အနေနဲ့ နှိမ့်ချ တောင်းပန်တာက ရှက်စရာ မဟုတ်ပါဘူး။

“စီနီယာ.. နောက်ဆုံး တစ်ခေါက်တုန်းက တကယ့်ကို အရေးပေါ် ဖြစ်သွားလို့ပါ။ အနန္တ ချောက်ကမ်းပါးကျွန်းရဲ့ နောက်ပေါက်တွေက မိုးပြာကျောက်မျက် မြို့တော်ကို လာတိုက်ခိုက်တယ်လေ။ ဟိုးရှေးတုန်းက မဟာ စစ်ပွဲမှာ ထွက်ပြေးခဲ့တဲ့ ငကြောက်တွေ ဆိုရင် ခင်ဗျား သိလောက်တယ်။ အခု.. သူတို့ ကလေးတွေက လူသားတို့ ပိုင်နက်ထဲ ပြဿနာရှာဖို့ ရောက်လာတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ သူတို့က နယ်ခြားစည်းကိုတောင် ဖျက်စီးပစ်လိုက်သေးတယ်။ အခုဆို နယ်ခြား မျိုးနွယ်တွေ လူသားတို့ ပိုင်နက်ထဲ ခြေချလာပြီ။ အဓိက စိုးရိမ်စရာကတော့ ရှေးဦး နတ်ဆိုးတွေပဲ။ သူတို့က အချုပ်အနှောင်ကနေ ဖြည်းဖြည်းချင်း လွတ်မြောက်လာတယ်။ လူသားတို့ ပိုင်နက်က တကယ့်ကို ဆူပွက်နေပြီ ”

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now