လောကသုံးပါးသခင်
…………………………
Chapter 351:
လရောင် ဆွတ်ဖြန်းသောညချမ်းမှာ လက်တွေ့ကျကျ လေ့ကျင့်ကြပြီ
ဂျန်ချန်ကတော့ နောက်ကွယ်မှာ ဘယ်သူတွေ ဘာတွေ ကြံနေကြလဲ မသိဘဲ သူ နေထိုင်ရာ ခြံ၀င်းဆီကိုပဲ ပြန်လာလိုက်ပါတယ်။ ပြီးတာနဲ့ အနီးအနား ပတ်ချာလည်နဲ့ သူ့အခန်းမှာ မူမမှန်တာ ဘာရှိလဲ တစ်ချက် စစ်ကြည့်ပါတယ်။ နောက်ဆုံး အားလုံး သာမန်ဆိုမှသာ အခန်းထဲ ၀င်ရောက်လေရဲ့။အလယ်အလတ် အုပ်စုမှာ မကောင်းကြံတာ ခံလိုက်ရတည်းက သူ သင်ခန်းစာ ရသွားခဲ့တာပါ။ တူညီတဲ့ အဖြစ်မျိုး နောက်တစ်ကြိမ် ဖြစ်လာမှာကို သူ ဘယ်နည်းနဲ့မှ လက်သင့်မခံနိုင်ပါဘူး။
အလယ်အလတ် အုပ်စုမှာ သုံးလ လေ့ကျင့်တာက ပြင်ပကမ္ဘာမှာ တစ်နှစ်.. နှစ်နှစ်ကြာ လေ့ကျင့်တာနဲ့ ဆင်ဆင်တူပါတယ်။ မြေကမ္ဘာအုပ်စုမှာ သုံးလကြာ လေ့ကျင့်တာကျတော့ အလယ်အလတ် အုပ်စုမှာ ခြောက်လ လေ့ကျင့်တာနဲ့ အတူတူပါပဲ။
“မြေကမ္ဘာအုပ်စု.. ပထမအဆင့်နေရာက ကျင့်ကြံသူတွေအားလုံးက စိတ်ဝိညာဉ်အဆင့်ငါးတွေချည်းပဲ။ ငါ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်က အခုမှ စိတ်ဝိညာဉ်အဆင့်လေးပဲ ရှိသေးတာ။ မြေကမ္ဘာအဆင့်မှာ လက်ရှိအဆင့်နဲ့တင် ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး ဆိုပေမယ့် ကောင်းကင်အုပ်စုကို ရောက်သွားရင်တော့ မတူတော့ဘူး။ သူတို့တွေက အဖွဲ့အစည်းရဲ့ လက်ရွေးစင် ထိပ်သီး ပါရမီရှင်တွေချည်းပဲ။ ကြည့်ရတာ မြေကမ္ဘာအုပ်စုမှာ ရှိနေရမယ့် သုံးလအတွင်း စိတ်ဝိညာဉ်အဆင့်ငါးထိ ချိုးဖောက်၀င်ရောက် အဆင့်တက်နိုင်မှ တော်ကာကျလိမ့်မယ်နဲ့တူတယ် ”
တုနှိုင်းမဲ့ စိတ်ဝိညာဉ် တောင်တန်းပေါ်မှာ လေ့ကျင့်နိုင်တယ်ဆိုတာ သိပ်ကို ရှားပါးတဲ့ အခွင့်အရေး တစ်ရပ်ပါပဲ။
သူ့ ကျင့်ကြံခြင်း အဆင့်အတန်းက တိုးတက်မှုနှုန်း အရမ်းကို မြန်ဆန်လွန်းပါတယ်။ ဒါပေမယ့် ကောင်းကင်စိတ်ဝိညာဉ် အုပ်စုကလည်း ခပ်နုံနုံကောင်မျိုးတွေ မဟုတ်နိုင်ဘူးလေ။ သူတို့တွေရဲ့ ကျင့်ကြံမှုနှုန်းကလည်း အရမ်း မြန်ပါလိမ့်မယ်။
YOU ARE READING
လောကသုံးပါးသခင် ေလာကသုံးပါးသခင္
ActionUni& Zawgyi အပိုင်း 1 မှ 440 + PDF files link (1 to 1500) အပိုင်း 1501 မှ 1530.....