ဒီနေ့ #Book 23
ထွက်ပါမယ်နော်..ဝယ်ယူအားပေးနိုင်ကြပါပြီ..
😁😁
........................................................................
လောကသုံးပါးသခင်
…………………………
Chapter 266:
ရှစ်ကွက်အင်း ဖွဲ့စည်းခြင်း ၀င်္ကပါ ထွက်ပေါ်လာပြန်ပြီတီယန်ရှောင် က အဲ့ဒီ စကားတွေကို ကြားတာနဲ့ အကျယ်ကြီးအော်ဟစ် ရယ်မောချင်သွားပါတယ်။
ဒါက သခင်လေးချန်ရဲ့ စိတ်၀င်စားစရာအကောင်းဆုံးသော ဘက်ခြမ်းပါ။ တစ်ဖက်လူက ဘယ်လောက် လူများများ ခေါ်လာနေပါစေ။ ဘယ်လောက် အားကောင်းနေပါစေ သူက သာမန်မဆန်တဲ့ နည်းလမ်းမျိုး သုံးပြီး တုံ့ပြန်တတ်ပါတယ်။ ဒါက သူ့ရဲ့ မူပိုင် ဟန်ပန်မျိုးပါပဲ။
“ဂျန်ချန်.. မင်း အရိုင်းအစိုင်းကောင် ။ တောကလာတာမို့ အဲ့လောက် ယုတ်ညံ့တဲ့ စကားမျိုး ထွက်ရဲ နေတာပေါ့လေ။ မင်း.. မင်း.. ယဉ်ကျေးမှု တစ်စက်ကလေးတောင် မရှိပါလား ”
သံမဏိဒါဇီက ဒေါသကြောင့် သွေးအန်တော့မလို ဖြစ်သွားပါတယ်။“ယဉ်ကျေးမှုမရှိဘူး။ ယဉ်ကျေးမှုကို ယဉ်ကျေးတဲ့ လူတွေ အတွက်ပဲ ငါသုံးတယ်။ မင်းကတော့.. အင်း မင်းက ယဉ်ကျေးမှု ဆိုတဲ့ စကားသုံးဖို့ မထိုက်တန်ဘူး။ ဟာသပဲ.. ။ ရှေ့နွား ဖြောင့်ဖြောင့်သွားမှ နောက်နွားဖြောင့်ဖြောင့်လိုက်တယ် ဆိုတဲ့ စကား တယ်မှန်တာပဲ။ တစ်ယောက်လာလည်း ဒီအချိုးမျိုးတွေ။ သံမဏိဒါဇီ လျှောက်ဝေ့ဝိုက်မနေတော့နဲ့ ပွင့်လွင့်လင်းလင်းပဲ ပြောကြစို့။ မင်းဒီကိုလာတာ ပြဿနာရှာဖို့ သက်သက်ပဲလား။ တိုက်ခိုက်ချင်တာလား ”
နံဘေးကနေ လိုက်ပါလာတဲ့ ဂျောင်ရီ ဒီတစ်ခေါက်မှာ ဘယ်လိုမှကို ၀င်မပြောဘဲ မနေနိုင်တော့ပါဘူး။
လျူချန်းဖန်နဲ့ ရှောင်ယုတို့တွေ သေဆုံးသွားတာက သူ့အတွက် အရေးမပါသော်ငြားလည်း အဲ့ဒီ စစ်ဆင်ရေးမှာ ခေါင်းဆောင်ခဲ့တာက သူမို့ အပြစ်မကင်းသည့်နှယ်ပါ။
ဒီနေ့မှာ ပြင်ဆင်ဖို့ အခွင့်အရေးတစ်ရပ် ရှိနေပါတယ်။
“ဂျန်ချန်.. မင်းက အောင်နိုင်ခြင်းကောင်းကင်နိုင်ငံမှာ ကျော်ကြားတာ ငါသိတယ်။ ဒါပေမယ့် ဒီကိစ္စက လူသတ်မှုကွ။ မင်းပါ ပတ်သက်သွားမယ်။ ငါတို့က တီယန်ရှောင် တစ်ယောက်ထဲကို လာခေါ်တာ မဟုတ်ဘူး။ မင်းနောက်လိုက် ဂုရူကိုပါ ဖမ်းသွားရလိမ့်မယ်။ မျက်မြင်သက်သေတွေအရ လျူချန်းဖန် သေဆုံးခြင်းမှာ ဂုရူရော တီယန်ရှောင်ပါ ပါ၀င်ပတ်သက်နေတယ် ”
YOU ARE READING
လောကသုံးပါးသခင် ေလာကသုံးပါးသခင္
ActionUni& Zawgyi အပိုင်း 1 မှ 440 + PDF files link (1 to 1500) အပိုင်း 1501 မှ 1530.....