တိတ်ဆိတ်နေတဲ့ အစည်းအဝေးခန်းထဲ မြည်လာတဲ့ ဖုန်းသံကြောင့် အခန်းထဲရှိ လူအားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။
ဘယ်ကောင်က မိုးလောက်ကြီးတဲ့သတ္တိရှိနေလို့ ဖုန်းslientလုပ်မထားရတာလဲ။
သူတို့တွေးနေတုန်း ဖုန်းကောက်ကိုင်လိုက်တဲ့ ချွဲဆွန်းချောကြောင့် သူတို့အလုပ် သူတို့ပြန်အာရုံစိုက်လိုက်ကြတယ်။ ဘော့စ်ချွဲရဲ့ဖုန်းဆိုတော့လည်း တော်ပါသေးရဲ့။
ချွဲဆွန်းချော ဖုန်းကောက်ကိုင်လိုက်ချင်းချင်းမှာပဲ ပြောလာတဲ့ ကောင်လေးရဲ့စကားကြောင့် မျက်မှောင်ကြုတ်မိသွားတယ်။
"အခုချက်ချင်းလာခဲ့မယ်"
ပြောပြီး ဖုန်းချလိုက်ကာ မတ်တပ်ထရပ်လိုက်တော့ တခြားရှယ်ယာရှင်တွေ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။
"အစည်းအဝေးကို ဖျက်မယ်....ဟိုဘက်က လူတွေ လာရင် ငါ့ဘက်က ဖျက်တယ်လို့ ပြောလိုက်....အတွင်းရေးမှူဂင် မင်းဖြေရှင်းလိုက်ပါ..."
"ဟုတ်ကဲ့...ဥက္ကဌကြီး"
"ဒီလိုလုပ်လို့ ဘယ်ရမလဲ ဥက္ကဌချွဲ...အခုလာမယ့်သူတွေက ရင်းနှီးမြှုပ်နှံဖို့ လာကြမှာ....ဒီလိုဆိုတော့ အများကြီးဆုံးရှုံးသွားမှာမဟုတ်ဘူးလား...ဘာကိစ္စကများ အလုပ်ထက် အရေးကြီးလို့လဲ..."
ပြောပြီးပြီးချင်း ရုတ်တရက် အားပြင်းတဲ့ ဖယ်ရိုမုန်းတွေနဲ့ အယ်လ်ဖာတစ်ယောက်ရဲ့ ဒေါသကို တစ်ခန်းလုံး ခံစားလိုက်ရတယ်။
"ဘယ်ဟာက အရေးကြီးလဲ မကြီးဘူးလဲ ကျုပ်ဆုံးဖြတ်မှာမို့ ကျုပ်လို ဆုံးဖြတ်ချင်ရင် ခင်ဗျား ကျုပ်နေရာကို ရအောင်ယူကြည့်ပေါ့.."
ပြောပြီးတာနဲ့ ထွက်သွားတဲ့သူကြောင့် အားလုံး အသက်ရှူချောင်သွားကြပေမယ့် စကားသံထွက်လာရဲတဲ့သူ တစ်ယောက်မှမရှိလေဘူး။
___________
"ဒီမှာ ဆရာ...ကျွန်မသားလေးမျက်နှာလေးကို ကြည့်ပါအုံး ဒီလောက်ထိုးခံရတာတောင် ဆရာ သူ့ကိုကျောင်းမထုတ်သေးဘူးလား..."
"ခဏစောင့်ပါ မဒမ်...သူ့အိမ်က လူကြီးလာရင် ဆုံးမခိုင်းမှာပါ..."
YOU ARE READING
ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)
Fanfictionဒီဘဝမှာတော့ ချစ်ခြင်းမေတ္တာမှန်သမျှ ကိုကို့အတွက်ပဲ~~~