အပိုင်း ဆယ့်ရှစ်

1.4K 154 3
                                    

"ပရောဂျက် အခြေအနေဘယ်လိုရှိသလဲ ဆူယော့"

ယွန်းဆောင်းဆူ အရှေ့မှာ ရပ်နေတဲ့သားဖြစ်သူကို ကြည့်ပြီးမေးလိုက်တယ်။

"အဆင်ပြေပါတယ် အဖေ...ကောင်းကောင်းမွန်မွန်လည်ပတ်နေပါတယ်"

"ကောင်းတယ်...."

ယွန်းဆောင်းဆူ ခေါင်းတညိမ့်ညိမ့်လုပ်ရင်း

"ယွန်းဂျောင်ဟန်ကိစ္စကရော...."

"အကုန်အဆင်ပြေပါတယ်....ကျွန်တော်တို့အစီအစဉ်ထဲ အလိုက်သင့်ပါလာမယ့်သူမို့ အဖေစိတ်ချလိုက်ပါ...."

"ဟုတ်ပြီလေ....သူဖြစ်စေချင်တဲ့အတိုင်း ပွဲကို စီစဉ်ပေးလိုက်ပါ....ကောင်းသားပဲ....ယွန်းလုပ်ငန်းစုက ငါ့အပိုင်ဖြစ်သွားတာကို အကုန်လုံးတွေ့သွားတာပေါ့"

"ဟုတ်ကဲ့ အဖေ...သိပါပြီ"

ယွန်းဆူယော့ အခန်းထဲကထွက်လာရင်း တွေးမိတယ်။ ပရောဂျက်က ပြီးသွားရင်တောင် သူ့အတွက်ဘာမှကျန်မှာမဟုတ်ဘူး။ အဲ့ဒီအကြောင်းသာ ယွန်းဆောင်းဆူသိရင် သူသေချာပေါက် လမ်းဘေးကန်ထုတ်ခံရမှာ။

အဲ့ဒီတော့ နည်းလမ်းက တစ်ခုတည်းပဲ။ ယွန်းဂျောင်ဟန်ကို စည်းရုံးပြီး လွှဲပြောင်းပေးမယ့်စာချုပ်မှာ သူ့နာမည်ပြောင်းရမယ်။ ဒါဆို ယွန်းလုပ်ငန်းစုက သူ့လက်ထဲရောက်လာရင် ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာမလိုတော့ဘူး။

ဟုတ်တယ်။ အဲ့ဒီလိုပဲလုပ်ရမယ်။

___________

"အဲ့ဒီတော့....မီဆိုးလ်က ဘယ်ရီ့ကို စိတ်ဆိုးသွားတာပေါ့"

ချွဲဆွန်းချော လက်တစ်ဖက်က စာရွက်တွေကို လှန်နေရင်း တစ်ဖက်ကတော့ ဖုန်းပြန်ဖြေနေလေရဲ့။

"စိတ်မဆိုးရဲပါဘူး ကိုကိုရာ....နောက်နေ့ကျ မုန့်ဝယ်ကျွေးပြီး ageyoလေးတွေ ထုတ်ပြလိုက်တာပေါ့...ကျွန်တော့်ရဲ့ ချစ်စရာကောင်းမှုတွေကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး ဟဲဟဲ...."

ချွဲဆွန်းချော ပါးချိုင့်တွေပေါ်အောင်ထိပြုံးမိလေတယ်

"Ageyo တွေ မလိုပါဘူး....ဒီအတိုင်းလေးလည်း ဘယ်ရီက ချစ်ဖို့ကောင်းပြီးသားလေ"

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Where stories live. Discover now